ဘင်္ဂလီအရေကိစ္စနှင့် ပတ်သက်ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန မှ တာဝန်ရှိသူတစ်ဦး မြန်မာနိုင်ငံသို့ လာမည်

ဘင်္ဂလီအရေးကိစ္စနှင့် ပတ်သက်ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့အာရှနှင့် ပစိဖိတ်ဌာန၊ ဒုတိယ လက်ထောက်ဝန်ကြီး မစ္စတာ ပက်ထရစ်မာဖီ အနေဖြင့် ယခုသီတင်းပတ်ကုန်အတွင်း မြန်မာနိုင်ငံသို့ တရားဝင် ခရီးစဉ် လာရောက်ရန်ရှိကြောင်း CNN သတင်းဌာန ဖော်ပြ ချက်အရ သိရသည်။
 
မစ္စတာ မာဖီအနေဖြင့် ဗုဒ္ဓဟူးနေ့က အမေရိကန်နိုင်ငံရှိ မြန်မာသံအမတ် ဦးအောင်လင်းအား ဆင့်ခေါ်ကာ အကြမ်းဖက်မှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး အမေရိကန်အနေဖြင့် စိုးရိမ်ပူပန်ကြောင်း ပြောဆိုခြင်းများ ရှိသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက အကြီးတန်းအရာရှိက ပြောဆိုကြောင်းဆိုထားသည်။
 
သြဂုတ် ၂၅ ရက် အကြမ်းဖက် တိုက်ခိုက်မှုခံရအပြီး ဘင်္ဂလီမွတ်ဆလင် ၃၇၀,၀၀၀ ခန့်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကူးပြောင်း သွားခြင်းများရှိကြောင်း ကုလသမဂ္ဂ သတင်းထုတ်ပြန်ထားပြီး နေစဉ် ၂ သောင်းခန့် သွားလျက်ရှိကြောင်း ဆိုသည်။
 
အမေရိကန်ပြည်ထောင်စု အနေဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် ဘင်္ဂလီလက်နက်ကိုင်များ အကြား တင်းမာမှုလျော့ချရန် တိုက်တွန်း ထားခြင်းများရှိပြီး မြန်မာအစိုးရအနေဖြင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများ နှင့် သတင်းထောက်များအား ရခိုင်ပြည်နယ်အတွင်း လွတ်လပ်စွာ သွားလာခွင့်ရရှိရေး တိုက်တွန်းထားကြောင်း သိရသည်။
 
Ref:State Dept. official to travel to Myanmar following Rohingya attacks(CNN)
စိုင်းဟန်
The Ladies News
 

 

Vote: 
No votes yet

Add new comment