မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ အစ္စလာမ်မစ် ဘာသာရေးကျောင်း တစ်ခု မီးလောင်မှုကြောင့် ဆယ်ကျော်သက် အရွယ် အများစုအပါအ၀င် ၂၄ ဦးသေဆုံး

မလေးရှားနိုင်ငံ၏ မြို့တော် ဆင်ခြေဖုံးရပ်ကွက် တစ်ခုရှိ အစ္စလာမ်မစ် ဘာသာရေးကျောင်း တစ်ခုတွင် ကြာသပတေးနေ့ (စက်တင်ဘာ ၁၄ ရက်) နံနက် အစောပိုင်းက မီးလောင်မှုဖြစ်ပွားရာ ၎င်းဘာသာရေးကျောင်းရှိ အဆောင်တွင် နေထိုင်သည့် ဆယ်ကျော်သက် အများစုအပါအ၀င် ၂၄ ဦးခန့်သည် ပြတင်းပေါက်များ မဖွင့်နိုင်ဘဲ ပိတ်မိနေသည့်အတွက် သေဆုံးကြောင်း သိရသည်။
 
မီးသတ်ဌာနအနေဖြင့် ဒေသစံတော်ချိန် နံနက် ၅း၄၁ နာရီခန့်က မီးသတင်းရရှိကြောင်း မီးငြှိမ်းသတ်ရန် တစ်နာရီခန့် အချိန်ယူရကြောင်းဆိုသည်။ အဆိုပါ မီးလောင်ကျွမ်းမှုသည့် သုံးထပ် အဆောက်အဦ၏ အပေါ်ဆုံးအလွှာမှ စတင်လောင်ကျွမ်းခြင်း ဖြစ်နိုင်ကြောင်း ကွာလာလမ်ပူ ရဲအရာရှိအကြီးအကဲ Amar Singh က ဆိုသည်။ ၎င်းက မီးလောင်နေသည့် အဆောက်အဦ အတွင်း မီးလောင်ကျွမ်းနေသည့် ရုပ်အလောင်း ၂၄ ခုတွေ့ရှိရပြီး ၎င်းတို့ထဲမှ အသက် ၁၃ နှစ်မှ ၁၇ နှစ်အတွင်း ယောက်ျာလေး ၂၂ ယောက်နှင့် ဆရာနှစ်ယောက်ဖြစ်ကြောင်း ၎င်းကပြောသည်။
 
Singh က ဆက်လက်ပြီး အခြားသော ကျောင်းသား ၁၄ ဦး နှင့် ဆရာလေးဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး ၎င်းတို့ထဲက ၆ ဦးသည် စိုးရိမ်ရသည့်အတွက် ဆေးရုံတွင် အရေးပေါ်ကုသမှု ခံယူလျက်ရှိကြောင်း ပြောသည်။
 
“ကျွန်ုပ်တို့ စစ်ဆေးတွေ့ရှိချက်အရ သူတို့ အသက်ရူကျပ် သေဆုံးပြီးနောက်…ခန္ဒာကိုယ်က လုံးဝ မီးလောင်ကျွမ်း ခံရတာဖြစ်တယ်”ဟု ပြောသည်။
 
မီးလောင်ကျွမ်းမှု စတင်သည့်နေရာသည် အမျိုးသား အိမ်ဆောင် တံခါးပေါက်အနီးတွင် ဖြစ်ပွားခြင်းဖြစ်ပြီး ပြတင်း တံခါးပေါက်များမှာ သံပန်းများ တပ်ဆင်ထားသည့်အတွက် ၎င်းတို့အတွက် လွတ်မြောက်ရန် ခက်ခဲခြင်းဖြစ်နိုင် မီးသတ်ဌာန အကြီးတန်အရာရှိ Abu Obaidat Mohamad saithalimar ကပြောသည်။
 
အဆိုပါ မီးလောင်ကျွမ်းမှုသည် လျှပ်စစ်ဝါယာရှော့ ဖြစ်ပွားခြင်းမှ စတင်ခြင်းဖြစ်နိုင်ကြောင်း ၎င်းကဆိုသည်။
 
အခြားသော မီးသတ်ဌာန အရာရှိတစ်ဦးဖြစ်သည့် Soiman Jahid က မီးသတ်သမားများ အနေဖြင့် ကျောင်းကို ရောက်သည့်အခါ အကူအညီပေးဖို့ အသံများ ကြားရကြောင်းဆိုသည်။ ထို့နောက် မီးငြှိမ်းသတ်ပြီးနောက် မီးလောင်ကျွမ်းထားသည့် ရုပ်အလောင်း ၁၃ ခုအား အိပ်ဆောင် ညာဘက်ထောင့်တွင် တစ်ယောက်နှင့် တစ်ယောက် ပူးကပ်လျက် သေဆုံးနေသည်ကိုတွေ့ရပြီး အိပ်ဆောင်ညာဘက် ကော်နာတွင် အခြား ၈ ဦးကိုတွေ့ရပြီး လှေကား အလယ်တွင် တစ်ဦးသေဆုံးနေသည်ကို ရှာဖွေတွေ့ရှိကြောင်း ပြောသည်။
 
၎င်းဖြစ်စဉ်နှင့် ပတ်သက်ပြီး သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ မီးလောင်ကျွမ်းမှုဖြစ်စဉ်ကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိပြီး မီးသတ်တပ်ဖွဲ့မှ မြို့တော်ကောင်စီသို့ အဆောက်အအုံများ၏ ဘေးကင်းလုံခြုံမှု ကိစ္စ အစီရင်ခံစာတင်ရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။
 
Ref: Fire at Islamic school in Kuala Lumpur kills 24, mostly teens(the Bangkok post)
စိုင်းဟန်
The Ladies News

 

Vote: 
No votes yet

Add new comment