ဘင်္ဂလီများ ၀င်လာမည့်စိုးရိမ်သည့်အတွက် မဏိပူရနယ်စပ်တစ်လျှောက် လုံခြုံရေးတိုးမြှင့်

ဘင်္ဂလီမွတ်ဆလင်များ အိန္ဒိယနိုင်ငံအတွင်းသို့ တရားမ၀င် ၀င်ရောက်လာမည့် စိုးရိမ်သည့်အတွက် မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် မဏိပူရ တောင်တန်းဒေသ တစ်လျှောက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များဖြင့် လုံခြုံရေး အမြင်ဆုံးအထိ နှိုးဆော်ထားကြောင်း သိရသည်။

နယ်စပ်တစ်လျှောက် ကင်းလှည့်လည်ခြင်းအား လွန်ခဲ့သည့် သုံးရက်မှ စတင်ကြောင်း ရဲတပ်ဖွဲ့က ယမန်နေ့ (စက်တင်ဘာ ၁၃ရက်)က ပြောသည်။ ထိုသို့ ကင်းလှည်ရာတွင် သုံးရက်ကြာသည့်တိုင် တရားမ၀င် နယ်စပ်ဖြတ်ကျော်လာသည့် ရွှေ့ပြောင်း သွားလာသူများ မတွေ့ရှိရသေးကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။

Moreh မြို့၏ နယ်စပ်တစ်လျှောက်ကို ဦးစားပေးအနေဖြင့် လုံခြုံရေးတိုးမြှင့် စောင့်ကြည်ထားကြောင်း ဆိုသည်။
ရဲတပ်ဖွဲ့ဝင်များက Moreh မြို့နှင့် စီးပွားရေးအရ ဆက်စပ်နေသည့် တမူမြို့မှ ဖြတ်သန်းလာသူများ၏ သက်သေ အထောက်အထားများ ပါမပါ စစ်ဆေးခြင်းများ ရှိကြောင်းဆိုသည်။

တမူးဘက်မှ ပြည်သူများအနေဖြင့် စာရွက်စာတမ်း အထောက်အထားဖြင့် လာရောက်လည်ပတ် သော်လည်း ညနေ ၄ နာရီတွင် ချက်ခြင်းပြန်ရန် လုပ်ဆောင်ထားကြောင်း ဆိုသည်။

ဝန်ကြီးချူပ် N Biren Singh က စနေနေ့က မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် ၃၆၄ ကီလိုမီတာ တစ်လျှောက် ဘင်္ဂလီများမ၀င်လာရန် လုံခြုံရေးမြင်တင်ရန် ပြောထားကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။ ၀န်ကြီးချူပ်အနေဖြင့် မဏိပူရထဲသို့ ဘင်္ဂလီများ ခိုးဝင်ရန် ကြိုးပမ်အားထုပ်လာမည်ကို ကြိုတင်ထားရန် ရဲတပ်ဖွဲ့နှင့် လက်ထောက် ကော်မရှင်နာများ အထူးစိုးရိမ်ကြောင်း ညွန်ကြားထားသည်။

သြဂုတ် ၂၅ ရက် အကြမ်းဖက်တိုက်ခိုက်မှုအပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ဘင်္ဂလီမွတ်ဆလင်များသည့် နယ်စပ် လမ်းကြောင်းများမှ တစ်ဆင့် နီးစပ်ရာ နိုင်ငံများသို့ သွားရောက်ခြင်းများရှိကြောင်း သတင်းများ ဖော်ပြချက်အရ သိရသည်။

Ref: Manipur on high alert to check possible influx of Rohingyas(The New Indian Express)
စိုင်းဟန်
The Ladies News

Vote: 
No votes yet

Add new comment