ရခိုင်ပြည်နယ်အတွင်း Safe Zone အဖြစ်သတ်မှတ်မည့်ကိစ္စ အစိုးရလုံးဝလက်မခံဟုဆို

ရခိုင်ပြည်နယ်အတွင်း Safe Zone အဖြစ်သတ်မှတ်ရန် ICRC က အကြံပြုထားမှုနှင့် ပတ်သက်၍ မြန်မာအစိုးရအနေဖြင့် လုံးဝ လက်မခံ ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံရုံး ၀န်ကြီးဌာန ပြောရေးဆိုခွင့်ရ ဦးဇော်ဌေးက စက်တင်ဘာ ၁၃ ရက်နေ့တွင် ပြောကြားလိုက်သည်။
 
ရခိုင်ပြည်နယ်အတွင်း Safe Zone အဖြစ်သတ်မှတ်ရန် ICRC က အကြံပြုထားမှုနှင့် ပတ်သက်၍ သတင်းထောက်တစ်ဦး၏ မေးမြန်းမှုအား ၎င်းက ပြန်လည်ဖြေကြားပေးခဲ့ခြင်း ဖြစ်သည်။
 
“အစိုးရသဘောထားက လုံးဝလက်မခံဘူး။ Safe Zone ဆိုတာက အစိုးရက လုံးဝလက်မခံဘူး။ ဥပမာ ဆီးရီးယားမှာ Safe Zone လုပ်တယ် No Fly Zone လုပ်တယ် အခေါ်အဝေါ်တွေ ချိန်းသွားတယ်။ အဲ့ဒီနေရာကို အစိုးရလည်း သွားလို့မရဘူး။ အစိုးရလေယာဉ်လည်း သွားလို့မရဘူး။ အစိုးရတပ်လည်း သွားလို့မရဘူး။ ကျန်တဲ့ ဘင်္ဂလားဒေ့ရှ် ရှိတယ်ဆိုရင် ဘင်္ဂလားဒေ့ရှ်ဘက်ကလည်း လာလို့မရဘူး။ ဥပမာ ARSA ဆိုလည်း သူ့ဘက်က လူသွားလို့ မရဘူး။ အဲ့ဒီကြားထဲမှာရှိတာ Safe Zone အဲ့ဒီမှာ ဘယ်သူက၀င်ထိန်းလဲဆို နိုင်ငံတကာက ၀င်ထိန်းတယ်။ အဲ့အဖြစ်မျိုး ကျွန်တော်တို့က လက်မခံဘူး။ Safe Zone လုပ်မယ်ဆိုလည်း လုံးဝလက်မခံဘူး”ဟု ဦးဇော်ဌေးက ပြောကြားခဲ့ခြင်း ဖြစ်သည်။
 
ဇော်မင်းထွန်း
The Ladies News

 

Vote: 
No votes yet

Add new comment