နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ နိုင်ငံတော် အခြေပြု မိန့်ခွန်း ပြောကြားမည်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ နိုင်ငံတော် အခြေပြု မိန့်ခွန်းကို နေပြည်တော် MICC II တွင် စက်တင်ဘာ ၁၉ ရက်နေ့  နံနက် ၁၀ နာရီ၌ ပြောကြားမည်ဖြစ်ပြီး တစ်နိုင်ငံလုံးသို့  Live လွှင့်မည်ဖြစ် ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံရုံး ၀န်ကြီးဌာန ပြောရေးဆိုခွင့်ရ ဦးဇော်ဌေးက စက်တင်ဘာ ၁၃ ရက်တွင် မီဒီယာသို့  ပြောကြားခဲ့သည်။
 
“မိန့် ခွန်းအမည်က The State Counsellor’s State of the Union Address regards with the National Reconciliation and Peace ပါ။ ပြောရရင်တော့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့  ငြိမ်းချမ်းရေးဆိုင်ရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ နိုင်ငံတော် အခြေပြု မိန့်ခွန်းပါ။ စက်တင်ဘာ ၁၉ ရက် နေ့  MICC II မှာ မနက် ၁၀ နာရီမှာလုပ်ပါမယ်၊ Live လွှင့်ပါမယ်” ဟု ဦးဇော်ဌေးကပြောသည်။
 
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် မိန့်ခွန်းပြောကြားသည့်အခါ မီဒီယာများကို သတင်းရယူခွင့် ပြုမည်ဖြစ်ပြီးပြည်ပမှ သီးခြား လာရောက်သတင်းယူမည့် သတင်းထောက်များအနေဖြင့် ဗီဇာလျှောက်ထားရာတွင် အခက်အခဲမရှိစေရန် နိုင်ငံခြားရေးဝန်ကြီးဌာနက သက်ဆိုင်ရာသံရုံးကို အကြောင်းကြားပေးမည် ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။
 
ပြည်ပကနေ သီးခြားလာပြီး သတင်းယူမယ့် သတင်းထောက်တွေအနေနဲ့ ဟိုမှာရှိတဲ့ အခြေစိုက် Bureau ကနေ ဗီဇာ လျှောက်တဲ့အခါမှာ ခက်ခဲမှာစိုးလို့  နိုင်ငံခြားရေးဝန်ကြီးဌာနကနေပြီးတော့ သက်ဆိုင်ရာသံရုံးကို ပြောပေးမှာ ဖြစ်ပါတယ်၊ ပြန်ကြားရေး ၀န်ကြီးဌာနကိုလည်း ဖိတ်ခိုင်းထားပါတယ်၊ ဆိုလိုတာက မြန်မာနိုင်ငံရဲ့ တကယ့် အဖြစ်မှန်တွေကို ကမ္ဘာကို ပြောမှာ ဖြစ်ပါတယ်၊Live လည်း လွှင့်သွားပါမယ်။ မြန်မာနိုင်ငံမှာ ရှိနေတဲ့ သံတမန်တွေအပြင် မြန်မာနိုင်ငံမှာ သံရုံးမစိုက်နိုင်တဲ့ ထိုင်းတို့  နယူးဒေလီတို့ မှာ သံရုံးစိုက်ပြီး တွဲကိုင်နေတဲ့ နိုင်ငံတွေရဲ့ သံတမန်တွေဆီကိုပါ မရောက်ရောက်အောင် ဖိတ်ကြားပါမယ်” ဟု ဦးဇော်ဌေးကပြောကြားခဲ့သည်။
 
ဇော်မင်းထွန်း
The Ladies News
 

 

Vote: 
No votes yet

Add new comment