မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် မြန်မာ့ဒီမိုကရေစီပွဲတော်များကို စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် မြန်မာ့ဒီမိုကရေစီ ပွဲတော်များကို စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
 
ပြန်ကြားရေးဝန်ကြီးဌာနသည် နိုင်ငံနှင့် လူမျိုးများ၏ ကိုယ်ကျင့်တရားနှင့် ဂုဏ်သိက္ခာ မြင့်မားစေရန်နှင့် ဒီမိုကရေစီ လမ်းကြောင်းများကို လျှောက် လှမ်းရာတွင် ခံယူလုပ်ဆောင်ရမည့် ဒီမိုကရေစီကျင့်စဉ်နှင့် စိတ်ထားများ တိုးပွားရင့်သန်စေရေး အထောက်အပံ့ ဖြစ်စေရန်အတွက် ရည်ရွယ် ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။
 
အဆိုပါ မြန်မာ့ ဒီမိုကရေစီပွဲတော်ကို စက်တင်ဘာ ၁၅ ရက်မှ ၂၁ ရက် အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
 
မြန်မာ့ဒီမိုကရေစီ ပွဲတော်များအဖြစ် ရုပ်ရှင်ပြပွဲ၊ အငြိမ့်ပြိုင်ပွဲနှင့် ပဒေသာ ကပွဲ (ရုပ်ရှင်၊ ဂီတ၊ သဘင်)များကို ကျင်းပ သွားမည်ဖြစ်ပြီး ရုပ်ရှင်ပြပွဲတွင် သရာစောထိ၊ ဒီမိုရပ်ကွက်၊ တိမ်ပြာသောနေ့၊ နေခြည်မှာ ရွှေရည်လောင်း နှင့် ကြီးမြတ်သော မြန်မာဇာတ်ကားများကို စက်တင်ဘာ ၁၅ ရက်မှ ၂၁ ရက် အထိ ရုပ်ရှင်ပွဲချိန်များအတိုင်း သတ်မှတ်ရုပ်ရှင်ရုံများတွင် လည်း ကောင်း၊ ရုပ်ရှင်၊ ဂီတနှင့် သဘင်နယ် ပယ်များမှ နိုင်ငံကျော် အနုပညာ ရှင်များ ပါဝင်ဖျော်ဖြေမည့် ပဒေသာကပွဲ (ရုပ်ရှင်၊ ဂီတ၊ သဘင်)ကို စက်တင်ဘာ ၁၈ ရက် မှ ၁၉ ရက်အထိ ည ၇ နာရီတွင် အမျိုးသားဇာတ် ရုံ၌ လည်းကောင်း၊ အငြိမ့်ပြိုင်ပွဲတွင် ခေတ်သစ်ကြေးမုံ၊ လူငယ်စတား၊ ရွှေညာမြေရဲ့ ကြယ်ပွင့်များ၊ ဖူးသစ်ကြယ်စင်၊ ဇွဲ၊ မန်းစတား၊ စကားဝါမြေ နှင့် မော်ဒယ်လ်ဟား အငြိမ့်အဖွဲ့များ၏ ဗိုလ်လုပွဲယှဉ်ပြိုင်မှုများကို စက်တင်ဘာ ၂ဝ ရက်မှ ၂၁ ရက်အထိ ညနေ ၆ နာရီတွင် အမျိုးသား ဇာတ်ရုံ၌လည်းကောင်း အသီးသီးကျင်းပသွား မည်ဖြစ်ကြောင်း သိရ သည်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment