ဘင်္ဂလီများကို ရိုဟင်ဂျာလူမျိုးဟု သတ်မှတ်ခေါ်ဝေါ်ခြင်းကို လက်မခံ၊ တိုင်းရင်းသားလူမျိုးများထဲတွင် ရိုဟင်ဂျာမပါဝင်ကြောင်း NLD ပါတီ၏ ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူးပြောကြား

ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂလီများကို ရိုဟင်ဂျာလူမျိုးဟု သတ်မှတ် ခေါ်ဝေါ်ခြင်းကို လက်မခံကြောင်းနှင့် မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးထဲတွင် ရိုဟင်ဂျာမပါဝင်ကြောင်း အာဏာရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) ၏ ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာ(ဦး)အောင်ရှင်က The Ladies News သို့ ပြောကြားသည်။

“ရိုဟင်ဂျာဆိုတာ မရှိဘူး၊ ရိုဟင်ဂျာက နိုင်ငံသားလည်းမဟုတ်ဘူး အဲဒါက အတိအလင်းရှင်းပြီးသားပါ။ ရိုဟင်ဂျာဆိုတဲ့ဟာကို လက်မခံဘူး ကျွန်တော်တို့ကတော့ ဘင်္ဂလီ အဲဒီအသုံးအနှုန်းပဲသုံးပါတယ်။ ကျွန်တော်တို့ရဲ့ လူမျိုး ၁၃၅ မျိုးထဲမှာ ရိုဟင်ဂျာဆိုတာ မပါဘူး။ လူမျိုးရဲ့ ဖြစ်ပေါ်မှုအရ ကိုက ကျွန်တော်တို့နဲ့ လူမျိုးဖြစ်ပေါ်မှု လမ်းကြောင်း မတူဘူး။ ရိုဟင်ဂျာက ကျွန်တော်တို့ရဲ့ လူမျိုးစုဖြစ်ပေါ်မှုထဲမှာ မပါဘူး` ဟု ၄င်းကပြောကြားသည်။

ပြည်ပနိုင်ငံတချို့နှင့် အဖွဲ့အစည်းတချို့က ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂလီများကို ရိုဟင်ဂျာဟု ခေါ်ဝေါ်သုံးနှုန်းနေခြင်းအား ပြည်တွင်းရှိ နိုင်ငံရေးပါတီ အဖွဲ့အစည်းများ၊ ရခိုင်တိုင်းရင်သားများနှင့် ပြည်သူများက ဆန့်ကျင်လျှက်ရှိသည်။

ဘင်္ဂလီများ၏ နိုင်ငံသားဖြစ်မှုနှင့် ပတ်သတ်ပြီး ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအတိုင်း စီစစ်ရမှာဖြစ်ပြီး ဥပဒေနှင့်ညီသည့်သူများကို နိုင်ငံသားဖြစ်ခွင့်ပေးရမည်ဟု မုံရွာ(ဦး)အောင်ရှင်က ပြောသည်။

`မာလာလာတို့ အစ္စလာမ်နိုင်ငံတချို့တို့ကနေပြီးတော့ နိုင်ငံသားအဖြစ် အသိမှတ်ြ့ပုရမယ်လို့ ပြောနေကြတယ် တောင်းဆိုနေကြတာပေါ့။ ဒါက ကျွန်တော်တို့မှာ ၁၉၈၂ နိုင်ငံသားဖြစ်မှု ဥပဒေဆိုတာ ရှိပြီးသားပါ။ အဲဒီဥပဒေနဲ့ညီတဲ့သူကိုတော့ စီစစ်ပြီးတော့ ပေးမှာပါပဲ။ တစ်ခြား အစီအစဉ်တော့မရှိသေးပါဘူး´ ဟု ၄င်းက ဆိုသည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးက်ာမရှင်၏ အပြီးသတ်အစီရင်ခံစာထဲ တွင် နိုင်ငံသားဖြစ်မှုနှင့် ပတ်သတ်ပြီး ရေတိုအခြေအနေတွင် ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေအရ နိုင်ငံသား စီစစ်ရေးလုပ်ငန်းစဉ်ကို အရှိန်မြှင့်လုပ်ဆောင်ရန် ကော်မရှင်က တိုက်တွန်းသည်ဟု ပါရှိပြီး ဥပဒေကို ပြန်လည်သုံးသပ်ရန် လိုကြောင်းလည်း အကြံပြုထားသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၅ ရက်မှ စတင်ကာ ရခိုင်ပြည်နယ်တွင် ASRA အကြမ်းဖက်သမား၏ တိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၃ ဦ၊ နိုင်ငံဝန်ထမ်း ၂ ဦး၊ ဒေသခံတိုင်းရင်းသား ၁၄ ဦး၊ ဒေသခံ ဟိန္ဒူဘာသာဝင် ၇ ဦီး ဘင်္ဂလီ ၇ ဦး သေဆုံးခဲ့ကြောင်း အစိုးရသတင်းထုတ်ပြန်ရေးအဖွဲ့က စက်တင်ဘာ ၅ ရက် ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။

အောင်ရဲနောင်
The Ladies News

 

Vote: 
No votes yet

Add new comment