ရခိုင်ပြည်နယ်အရေး ခေါင်းစဉ် ၆ ခုဖြင့် ဆွေးနွေး

ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ ခေါင်းစဉ် ၆ ခုဖြင့် သမ္မတဟောင်း ဦးသိန်းစိန်၏ အကြံပေးအဖွဲ့ခေါင်းဆောင် ဦးကိုကိုလှိုင်နှင့် ရန်ကုန်မြို့နှင့် ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိ ပြင်သစ်နိုင်ငံ အရှေ့တိုင်းပညာရပ်များ သုတေသနဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဂျက်ပီလိုက်တာတို့ စက်တင်ဘာ ၇ ရက်တွင် ဆွေးပွဲစကားဝိုင်း ပြုလုပ်ခဲ့ကြသည်။

အဆိုပါဆွေးနွေးပွဲစကားဝိုင်းကို ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ Gandamar Grand ball Room ခန်းမတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဆွေးနွေးကြသည့် ခေါင်းစဉ်များမှာ ရိုဟင်ဂျာဟူသော အမည်ပေါ်ပေါက်လာပုံ၊ ပြဿနာဖြစ်ပွားရသည့် အကြောင်းအရင်းများ၊ လူဝင်မှုနှင့် နိုင်ငံသားဖြစ်မှု၊ ရခိုင်အရးတွင် ပြည်ပမှ ပါဝင်ပတ်သတ်မှု၊ အခြားအာဆီယံနိုင်ငံများနှင့် ဆက်ဆံရေး ပြဿနာကို ဘယ်လိုဖြေရှင်းနိုင်မလဲ ခေါင်းစဉ်များဖြင့် ဆွေးနွေးကြကြောင်း သိရသည်။

အောင်ရဲနောင်
The Ladies News

 

Vote: 
No votes yet

Add new comment