ပျောက်ဆုံးနေသော လေ့ကျင့်ပျံသန်းရေး G-4 ဂျက်လေယာဉ်အား ဆက်လက်ရှာဖွေလျက်ရှိ

ပျောက်ဆုံးနေသော လေ့ကျင့်ပျံသန်းရေး G-4 ဂျက်လေယာဉ်အား ဆက်လက်ရှာဖွေလျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

တပ်မတော်(လေ)မှ လေ့ကျင့်ပျံသန်းရေး G-4 ဂျက်လေယာဉ်တစ်စီးသည် စက်တင်ဘာ ၅ ရက် နံနက်ပိုင်းတွင် ပုသိမ်-ဟင်္သာတ-ဂွ-ပုသိမ် လမ်းကြောင်းအတိုင်း ပျံသန်းလေ့ကျင့်စဉ် နံနက် ၉ နာရီ ၁၈ မိနစ်တွင် ပုသိမ်မြို့၏ အနောက်မြောက်ဘက် ၃၅၀ ဒီဂရီ၊ အကွာအဝေးအားဖြင့် ၃၆ မိုင်ခန့်အကွာ၌ ပုသိမ်လေဆိပ်နှင့် နောက်ဆုံးအဆက်အသွယ်ရရှိပြီး နောက်ပိုင်း ပျောက်ဆုံးလျှက်ရှိကြောင်း သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

အဆိုပါလေယာဉ်အား ရှာဖွေတွေ့ရှိစေရေးအတွက် အဆက်အသွယ်ပြတ် တောက်ခဲ့သည့် စက်တင်ဘာ ၅ ရက် နံနက်ပိုင်းမှ ယခုအချိန်အထိ လေယျာဉ်ပျံသန်းရာ လမ်းကြောင်းတစ်လျှောက်တွင် လေယာဉ်များ၊ ရဟတ်ယာဉ်များဖြင့်လည်းကောင်း၊ မြေပြင်တပ်များနှင့်လည်းကောင်း ရှာဖွေရေးလုပ်ငန်းများ ဆက်လက်ကြိုးပမ်း ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။

ဇော်မင်းထွန်း
ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး (FB)
The Ladies News

 

Vote: 
No votes yet

Add new comment