ရခိုင်ပြည်နယ်မြောက်ပိုင်း အကြမ်းဖက်မှုများတွင် မပါဝင်သည့် တစ်ဖက် မွတ်စလင်ဘာသာဝင်များကို အကူအညီများပေးသွားမည်ဟုဆို

ရခိုင်ပြည်နယ်မြောက်ပိုင်း အကြမ်းဖက်မှုများတွင် မပါဝင်ဘဲ အေးချမ်းစွာနေလိုသည့် တစ်ဖက်မွတ်စလင်ဘာသာဝင်များကို လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးသွားမည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက စက်တင်ဘာ ၆ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“လူသားချင်းစာနာထောက်ထားမှု အကူအညီရဲ့ သဘောသဘာဝအတိုင်း ကျွန်တော်တို့မူဝါဒတွေအတိုင်း ဆောင်ရွက်ရမယ့်ကိစ္စတွေ စည်းမျဉ်း စည်းကမ်းတွေအတိုင်း လုပ်ထုံးလုပ်နည်းတွေအတိုင်း ကျွန်တော်တို့ ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဆောင်ရွက်နေတာဖြစ်တဲ့အတွက် မွတ်စလင်ဘာသာ ကိုးကွယ်သူတွေမပါဘူးလားဆိုတော့ ကျွန်တော်တို့က အကြမ်းဖက်ကို အားမပေးပါဘူး၊ ဒါပေမဲ့ ခံစားနေရတဲ့ ပြည်သူတွေအတွက်ကို ကူညီရမယ့်ကိစ္စရှိတယ်၊ ဒါကြောင့် ကျွန်တော်တို့ကို ဆက်သွယ်လာတဲ့သူတွေရှိတယ်၊ သူတို့မှာ အကြမ်းဖက်လုံးဝမရှိပါဘူး၊ အကြမ်းဖက်လဲ လုံးဝမလုပ်ပါဘူး၊ အဲ့ဒီတော့ အကြမ်းဖက်ကြောက်လို့တောင် သူတို့ချင်းပူးပေါင်းနေပါတယ်။ ဒီလိုလူမျိုး တွေ ဆက်သွယ်လာတာရှိပါတယ်။ ဒါမျိုးတွေကို သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးကတစ်ဆင့် ကျွန်တော်တို့ဆက်သွယ်နေပါတယ်။ ဆက်သွယ်ပြီးရင် ဒါတွေအကုန်လုံးကို အားလုံး အကူအညီပေးဖို့ ရှိပါတယ်”ဟု ဒေါက်တာဝင်းမြတ်အေးက ပြောကြားခဲ့သည်။

အေးချမ်းစွာနေလိုသည့် တစ်ဖက် မွတ်စလင်ဘာသာကိုးကွယ်သူများက အကြမ်းဖက်မှုကို အားမပေးဘဲ ကိုယ့်နေရာနှင့်ကိုယ် အေးအေးချမ်းချမ်း ဥပဒေနှင့်အညီ နေထိုင်လိုသည့် သူများရှိကြောင်း၊ ၎င်းတို့သည် ARSA အကြမ်းဖက်သမားများ မ၀င်ရောက်နိုင်ရန် ကြိုတင်ကာကွယ်သည့် အစီစဉ်များ ဆောင်ရွက်ထားကြောင်းလည်း ၎င်းကဆိုသည်။

“အကြမ်းဖက်မ၀င်အောင် တတ်နိုင်သလောက် ကြိုးစားတယ်။ အချို့ ရွာတွေကျတော့လည်း သူတို့အနေနဲ့မလုပ်နိုင်လောက်ဘူးထင်ရင် မွတ်စလင်ဘာသာကိုးကွယ်တဲ့ အခြားရွာတစ်ရွာကို ပေါင်းနေတယ်။ ဒါလည်းတွေ့ရတယ်၊ အဲ့ဒီကျတော့ ဒီရွာကို ဘယ်သူမှလည်းမ၀င်ဘူး။ မီးရှို့တာလည်း မရှိဘူးဆိုတဲ့ အခြေအနေတွေ အကြမ်းဖက်မှုမှာမပါဝင်ပဲ အစိုးရရဲ့လုပ်ငန်းကို ပူးပေါင်းပါဝင်ချင်တဲ့ကိစ္စတွေ ရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့လည်း သက်ဆိုင်ရာ ရွာအုပ်ချုပ်ရေးမှူးများနဲ့ ဆက်သွယ်ဆောင်ရွက်နေပါတယ်”ဟု ဒေါက်တာဝင်းမြတ်အေးက ဆက်လက်ပြောကြားခဲ့သည်။

ဇော်မင်းထွန်း
Photo - Information Committee
The Ladies News

 

Vote: 
No votes yet

Add new comment