မောင်တောမြို့နယ်အတွင်း နယ်မြေရှင်းလင်းစဉ် မင်္သကာသူ ၅ ဦးကို ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ စစ်ဆေးလျက်ရှိနေ

စက်တင်ဘာ ၆ ရက်နေ့ နံနက် ၁၁နာရီခွဲခန့်က ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ပချီးယားတန်းကျေးရွာနှင့် ပညောင်ပင်ကြီး ကျေးရွာများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းရေး ပြုလုပ်ခဲ့ရာတွင်
မသင်္ကာသူ ၅ဦးအား ဖမ်းဆီးရမိပြီး နယ်ခြားစောင့်ရဲတပ်ဖွဲ့က ဥပဒေနှင့်အညီ စစ်ဆေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ရေးကော်မတီမှ ကြေညာခဲ့သည်။

အလားတူ မောင်တောမြို့နယ် မြို့မ ကညင်တန်းအုပ်စု ဒီပါလ်ရာကျေးရွာတွင် ARSA အစွန်းရောက်အကြမ်းဖက်သမားများက စက်တင်ဘာ ၆ ရက် မွန်းလွှဲ ၁ နာရီခွဲက နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးငြိမ်းသတ်ပေးမှုကြောင့် နေအိမ် ၃ လုံးသာ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်းလည်း သိရသည်။

ရခိုင်ပြည်နယ်မြောက်ခြမ်း အကြမ်းဖက်တိုက်ခိုက်ခံရမှုဖြစ်စဉ်တွင်လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ နယ်မြေတည်ငြိမ်အေးချမ်းရေးဆောင်ရွက်မှုကြောင့် ARSA အစွန်းရောက် အကြမ်းဖက်သမား ၃၈၇ ဦး အသေရရှိကာ (၃၈) ဦးဖမ်းဆီးရမိခဲ့ပြီး ကျေးရွာပေါင်း (၆၀)၊ အိမ်အလုံးရေ (၆၈၄၅)လုံး မီးရှို့ဖျက်ဆီး ခံခဲ့ရကြောင်း သိရသည်။

Refး (သတင်းထုတ်ပြန်ရေးကော်မတီ)
The Ladies News

 

Vote: 
No votes yet

Add new comment