သြဂုတ် ၂၃ ရက်ထိ H1 N1 ဖြင့် သေဆုံးသူ ၃၃ ဦးရှိ

လတ်တလော ပြင်းထန် အသက်ရှူလမ်းကြောင်းရောဂါဖြင့် ဆေးရုံ တက်ရောက် ကုသသူစုစုပေါင်း လူနာ (၈၄၈)ဦးအနက် H1N1 ပိုးတွေ့ လူနာ စုစုပေါင်း (၃၁၇) ဦးရှိခဲ့ပြီး သြဂုတ် ၂၃ ရက်အထိ သေဆုံးသူ စုစုပေါင်း (၃၃)ဦး ရှိပြီးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
 
ရာသီတုပ်ကွေးရောဂါ Seasonal Influenza A(H1N1) pdm09 စောင့်ကြပ် ကြည့်ရှုခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ သြဂုတ်လ (၂၀) ရက်နေ့၊ (၁၄:၀၀) နာရီမှ သြဂုတ်လ (၂၃) ရက်နေ့၊ (၁၄:၀၀) နာရီအထိ သုံးရက်အတွင်း သံသယလူနာ (၅၁) ဦးအား ဓာတ်ခွဲ စမ်းသပ်စစ်ဆေးခဲ့ရာတွင် H1N1 ပိုးတွေ့လူနာ (၂၀) ဦး တွေ့ရှိခဲ့ပြီး သုံးရက်အတွင်း ထပ်မံသေဆုံးလူနာ သုံးဦးရှိကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
 
H1N1 ပိုးတွေ့ရှိသော်လည်း ရာသီတုပ်ကွေးရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုးကြောင့် သေဆုံးခြင်း မဟုတ်ဘဲ အခြားရောဂါ အခံများကြောင့် ယနေ့အထိ သေဆုံးသူစုစုပေါင်း (၂၁) ဦးရှိကြောင်း ထုတ်ပြန်သည်။
 
အထူးကုဆေးရုံကြီး (ဝေဘာဂီ)တွင် H1N1 ပိုးတွေ့ အတွင်းလူနာ (၂)ဦးနှင့် အခြားတိုင်းဒေသကြီး/ ပြည်နယ် ဆေးရုံကြီးများတွင် H1N1 ပိုးတွေ့ အတွင်းလူနာ (၃၄)ဦး၊ စုစုပေါင်း (၃၆)ဦး ဆက်လက် ဆေးဝါး ကုသမှု ခံယူလျက်ရှိပြီး အများစုမှာ သက်သာလျက်ရှိကြောင်း ထုတ်ပြန် ထားသည်။ ရောဂါသက်သာ ကောင်းမွန်သဖြင့် ဆေးရုံဆင်းလူနာ (၂၁၁)ဦး ရှိပြီး ပြင်ပလူနာအဖြစ် ပြသသူ (၁၆)ဦး ရှိခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
 
စာသင်ကျောင်း၊ လုပ်ငန်းခွင်၊ ဟိုတယ် ၊လူမှုရေးရိပ်သာနှင့် ဂေဟာများ အခြားလူစုလူဝေးရှိသော နေရာများတွင် တုပ်ကွေးဆန်သော ရောဂါ လက္ခဏာများ ထပ်ဆင့်ဖြစ်ပွားမှု အခြေအနေမှာ ကျဆင်းလာသည်ကို တွေ့ရကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖြော်ပထားသည်။
 
ဇော်မင်းထွန်း
The Ladies News

 

Vote: 
No votes yet

Add new comment