နိုင်ပွဲရရှိခဲ့သော မြန်မာ ယူ-၂၃ အသင်းအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုကြောင်း သဝဏ်လွှာပေးပို့

နိုင်ပွဲရရှိခဲ့သော မြန်မာ ယူ-၂၃ အသင်းအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုကြောင်း သဝဏ်လွှာပေးပို့ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ထံမှ သိရသည်။
 
ဇူလိုင်လ (၁၉) ရက်နေ့တွင် ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သည့် AFC U 23 Championship 2018 Qualifiers အုပ်စု(စ) ဒုတိယပွဲစဉ်တွင် မြန်မာ ယူ-၂၃ အသင်းက စင်ကာပူ ယူ-၂၃ အသင်းကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရသည့်ပွဲနှင့် ပတ်သက်ပြီး ပေးပို့ခြင်းဖြစ်ကြောင်း သိရသည်။
 
“ထိုက်ထိုက်တန်တန် အနိုင်ရရှိခဲ့သည့်အတွက် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်နှင့် မြန်မာ ယူ-၂၃ ဘောလုံး အသင်းတို့အား ဘောလုံး အားကစား ကို ချစ်မြတ်နိုးကြသော မြန်မာပြည်သူ လူထုကိုယ်စား မြန်မာနိုင်ငံ အိုလံပစ် ကော်မတီ ဥက္ကဋ္ဌ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးမှ ဝမ်းမြောက် ဂုဏ်ယူ ပါကြောင်း” ပေးပို့သည့် သဝဏ်လွှာတွင် ပါရှိသည်။
 
ဝန်ကြီးက ဆက်လက်ပြီး သြဂုတ်လ ၁၉ ရက်မှ ၃၀ ရက်အထိ မလေးရှားနိုင်ငံတွင် ကျင်းပမည့် ၂၉ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် အောင်မြင်မှု ရရှိအောင် စွမ်းဆောင်နိုင်မည်ဟု ယုံကြည်ကြောင်း တိုက်တွန်း အားပေးစကား ဆိုထားသည်။
 
စိုင်းဟန်
The Ladies News
 

 

Vote: 
No votes yet

Add new comment