First Global စက်ရုပ်ပြိုင်ပွဲတွင် မြန်မာလူငယ်များ အဆင့် ၆ ရရှိ

အမေရိကန်နိုင်ငံ ၀ါရှင်တန်ဒီစီ၌ ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာ စက်ရုပ် အိုလံပစ်ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်သည့် နိုင်ငံပေါင်း ၁၆၃ နိုင်ငံအနက် မြန်မာလူငယ် အသင်းအနေဖြင့် အဆင့် ၆ ရရှိခဲ့ကြောင်း သိရသည်။
 
ပေးအပ်ထားသည့် ပစ္စည်းများကိုသာ အသုံးပြုပြီး ဆန်းသစ်သည့် စက်ရုပ်တစ်ခု ဆောက်ခဲ့သည့် မြန်မာအသင်း အနေဖြင့် ထိပ်ဆုံး ၁၀ သင်းအတွင်း ၀င်ရောက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
 
First Global အဖွဲ့က ကြီးမှူးကျင်းပသည့် နိုင်ငံတကာက ၁၈ နှစ်အောက် ကျောင်းသားလူငယ်တွေ ယှဉ်ပြိင်ကြမယ့် ကမ္ဘာလုံးဆိုင်ရာ စက်ရုပ်ပြိုင်ပွဲ သို့ မြန်မာလူငယ်အဖွဲ့ ၀င်ရောက် ယှဉ်ပြိုင်ခြင်းဖြစ်ကြောင်း သိရသည်။
 
၎င်းစက်ရုပ်ပြိုင်ပွဲသို့ နိုင်ငံပေါင်း ၁၆၃ နိုင်ငံမှ အသက် ၁၅ နှစ်မှ ၁၈ နှစ်ကြားရှိ ကျောင်းသားလူငယ်များ ယှဉ်ပြိုင်ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံမှ လူငယ် ၉ ဦးမှ ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
 
သိပံ္ပ၊ နည်းပညာ၊ သင်္ချာနှင့် အင်ဂျင်နီယာ ပညာရပ်များကို ကမ္ဘာတစ်ဝန်းမှ လူငယ်များ ပိုမို စိတ်ဝင်စားလာစေရန် First Global ပရဟိတအဖွဲ့က နှစ်စဉ်စက်ရုပ်ပြိုင်ပွဲ ကျင်းပနေခြင်းဖြစ်ကြောင်း သိရသည်။
 
ဓာတ်ပုံ-ဖန်တီးရာ
The Ladies News
 

 

Vote: 
No votes yet

Add new comment