ရခိုင်အမျိုးသားပါတီ ပြည်ထောင်စုငြိမ်ချမ်းရေး ညီလာခံ ၂၁-ရာစုပင်လုံ ဒုတိယအကြိမ် အစည်းအ၀းသို့ တက်ရောက်ရန် ရာခိုင်နှုန်းများ

ယခုအချိန်အထိ ရခိုင်ပြည်နယ်တွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေး ပွဲများ ကျင်ပခွင့် မရသည့်အတွက် ညီလာခံ တက်ရောက်ရန် မရေ မရာဖြစ်နေသော ရခိုင်အမျိုးသားပါတီ၏ သဘောထားကို The Ladies News မှ ဆက်သွယ်မေးမြန်းရာ ပါတီဒုဥက္ကဋ္ဌ ဦးခိုင်ပြည်စိုးက တက်ရောက်ရန် ရာခိုင်နှုန်းများသည်ဟု ပြောကြားသည်။
 
“CEC မှာတော့ ဒီကိစ္စကို ရခိုင်က လူပုဂ္ဂိုလ်တွေ နီးနီးကပ်ကပ် ရှိသူတွေနဲ့ တိုင်ပင်နေပါတယ်။ တိုင်ပင်တဲ့နေရာမှာ အခင်းအကျင်းတစ်ခုက အများစု က ပါသင့်တယ်ဆိုတဲ့ သဘောထားကို ကျွန်တော်တို့ကို ပေးနေပါတယ်။ ကျွန်တော်တို့ ဘက်ကလည်း စီစဉ်ထားတဲ့ဟာတွေ ရှိပါတယ်။ ဆိုလိုတာက တက်ဖို့အတွက် ရာခိုင်နှုန်း များလိမ့်မယ်လို့ ထင်ပါတယ်” ဟု ၄င်းက ပြောကြားသည်။
 
ရခိုင်အမျိုးသားပါတီ အနေဖြင့် ရခိုင်ပြည်နယ်တွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်ကျင်းပခွင့်ရရန် ကြိုးစားခဲ့ပုံနှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံဆိုသည့်အတွက်ကြောင့် ငြမ်းချမ်းရေးဖြစ်စဉ်များတွင် ရခိုင်လူမျိုးများလည်း ပါဝင်သင့်သည်ဆိုသည့် အကြောင်းများကို ရခိုင်လူထုအား ရှင်းပြသွားမည်ဟု ဦးခိုင်ပြည်စိုးက ပြောသည်။
 
“လူထုကိုရှင်းပြဖို့ဆိုတဲ့အချက်က ကျွန်တော်တို့ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲလုပ်ဖို့ ကြိုးစားခဲ့တယ်။ အဲဒီလို ကြိုးစားခဲ့တဲ့ဟာ မရခဲ့ဘူး။ ဒါပေမယ့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံဆိုတဲ့ အတွက်ကြောင့် ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ တခြားတခြားသော လူမျိုးတွေပါဝင်သလို ရခိုင်လူမျိုးတွေလည်း ပါဝင်သင့်တယ် ဆိုတဲ့ဟာကို လူထုနားလည် သဘောပေါက်အောင် ရှင်းလင်းမယ့်ကိစ္စပါ၊ တက်ဖို့မတက်ဖို့ ကိစ္စကို ရှင်းလင်းမယ့်ဟာ မဟုတ်ပါဘူး” ဟု ၄င်းက ဆက်လက်ပြောကြားသည်။
 
NCA တွင် လက်မှတ်ရေထိုးထားပြီး အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေး ပွဲများ ကျင်းပခွင့် မရသေးသည့် ရခိုင်လက်နက်ကိုင်အဖွဲ့ (ALP)၊ ရှမ်း လက်နက်ကိုင်အဖွဲ့ (RCCS) တို့ အခြေစိုက်ရာ ဒေသများတွင် အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်ရေး ညှိနှိုင်းရေးအား နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့ထံ တိုက် တွန်းအကြံပြုစာ ပေးပို့မည်ဖြစ်ကြောင်း NCA တွင် လက်မှတ်ရေးထိုး ထားသော တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ၏ မေလ ၁၃ ရက်တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ပြုလုပ်ခဲ့သည့် အရေးပေါ် အစည်းအဝေးတွင် သဘောထား ထုတ်ပြန် ခဲ့သည်။
 
အောင်ရဲနောင်
The Ladies News
 

 

Vote: 
No votes yet

Add new comment