ငြိမ်းချမ်းရေးအတွက် စီးပွားရေးလုပ်ငန်းများ ဆွေးနွေးပွဲကို မွန်ပြည်နယ် နှင့် ကရင်ပြည်နယ်တို့တွင် ကျင်းပမည်

ငြိမ်းချမ်းရေးအတွက် စီးပွားရေး လုပ်ငန်းများ ဆွေးနွေးပွဲကို မွန်ပြည်နယ် နှင့် ကရင်ပြည်နယ်တို့ တွင် ကျင်းပမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) မှသိရသည်။
 
မွန်ပြည်နယ် ၊ မော်လမြိုင်မြို့နှင့် ကရင်ပြည်နယ် ဘားအံမြို့ များ၌် ငြိမ်းချမ်းရေး အတွက် စီးပွားရေးလုပ်ငန်းများ ဆွေးနွေးပွဲကို မေ ၁၃ ရက် နှင့် ၁၄ ရက်များတွင် အသီးသီး ကျင်းပမည် ဖြစ်သည်။
 
ပြည်တွင်း ငြိမ်းချမ်းရေး နှင့် မြန်မာ့ လူအဖွဲ့အစည်းများအတွင်း ငြိမ်း ချမ်းရေး ဖော်ဆောင်နိုင်ရေးအတွက် စီးပွားရေး လုပ်ငန်းများ ပူးပေါင်း ပါဝင် လုပ်ဆောင် နိုင်သည်များကို ပါမောက္ခ ဒေါက်တာအောင်ထွန်းသက် နှင့်အတူ ငြိမ်းချမ်းရေး ကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း နှင့် ဒေသခံ စီးပွားရေး လုပ်ငန်းရှင်များက ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။
 
အဆိုပါဆွေးနွေးပွဲသို့ ပြည်နယ်ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများကို တက်ရောက်ရန် ဖိတ်ခေါ်ထားပြီး ငြိမ်းချမ်းရေး အတွက် လက်တွဲ ဆောင် ရွက်နိုင်ရန် ပြည်နယ် ကုန်သည် စက်မှုအသင်း အသီးသီးနှင့် ဒေါက်တာ အောင်ထွန်းသက် တို့ စာချွန်လွှာ ရေးထိုးကြမည်ဖြစ်ကြောင်း သိရသည်။
 
ဇော်မင်းထွန်း
The Ladies News
 

 

Vote: 
No votes yet

Add new comment