မန်ယူ ဂန္ထ၀င်ကစားသမားဟောင်း ရော်နီဂျွန်ဆင် အပါအ၀င် မန်ယူ နည်းပြ အဖွဲ့မှ ရန်ကုန်နှင့် ပုသိမ်မြို့များတွင် ဘောလုံးပညာများ သင်ကြားမည်

မန်ယူအသင်း နောက်ခံကစားသမားဟောင်း ရော်နီဂျွန်ဆင် အပါအ၀င် မန်ယူနည်းပြအဖွဲ့မှ ရန်ကုန် နှင့် ပုသိမ်မြို့များတွင် မေ ၁၁ ရက်မှ ၁၅ ရက်နေ့အထိ ဘောလုံးပညာ သင်ကြားပေးသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချူပ်မှ သိရသည်။
 
၎င်းတို့သည် Menda Fermentaion နှင့် အင်္ဂလန် ပရီးမီးယားလိဂ် ကလပ်အသင်း တစ်ခုဖြစ်သည့် မန်ချက်စတာ ယူနိုက်တက်တို့ ပူးပေါင်းတင်ဆက်သည့် Manchester Football Clinic အစီအစဉ်အရ ရန်ကုန်နှင့် ပုသိမ်မြို့ရှိ လူငယ်ဘောလုံး ကစားသမား ဘောလုံးပညာများ သင်ကြားပေးခြင်း ဖြစ်သည်။
 
Manchester United Soccer School ၏ နည်းပြများနှင့် မန်ယူအသင်း၏ နောက်ခံ ကစားသမား ဟောင်း ရော်နီဂျွန်ဆင် တို့ ပါဝင်သည့် မန်ယူ နည်းပြအဖွဲ့သည် မေလ ၁၁ ရက်မှ ၁၃ ရက်နေ့ ရန်ကုန်မြို့ရှိ အမျိုးသား ဘောလုံး အကယ်ဒမီ မြက်ခင်းတုကွင်းနှင့် အကယ်ဒမီသင်ကြားရေး ခန်းမတို့တွင် ယူ-၁၂ ၊ ယူ-၁၄ လူငယ် ကစားသမား ၆၀ ဦးအား အခြေခံဘောလုံး ပညာများ သင်ကြားပို့ချပေးသွားမည် ဖြစ်သည်။
 
ထို့နောက် မေ ၁၄ ရက်နေ့မှ ၁၅ ရက်အထိ ပုသိမ်မြို့ရှိ ကျောက်တိုင် ကွင်းတွင် ပြည်တွင်း လူငယ်ကစားသမား ၁၅၀ ၀န်းကျင်အား ဘောလုံးပညာများအား သွားရောက် သင်ကြားပေးမည်ဖြစ်သည်။
 
မန်ယူအသင်း၏ ဂန္တ၀င်နောက်ခံ ကစားဟောင်း ရော်နီဂျွန်ဆင်သည် မန်ယူအသင်းတွင် ၁၉၉၆ ခုနှစ်မှ ၂၀၀၂ ခုနှစ်ထိ ကစားခဲ့သူဖြစ်သည်။ ၁၉၉၉ ခုနှစ် မန်ယူ FA ဖလား၊ UEFA ချန်ပီယံလိဂ်ဖလား ၊ မန်ယူအသင်း သုံးနှစ်ဆက်တိုက် ဗိုလ်ဆွဲခြေစွမ်းပြသည့် အထဲတွင် ပါဝင်ခဲ့သူ ဖြစ်သည်။ နောက်ခံ ကစားသမားဖြစ်သော်လည်း မန်ယူအသင်းအတွက် သွင်းဂိုး ၉ ဂိုး သွင်းယူနိုင်ခဲ့သူလည်း ဖြစ်သည်။
 
ဓာတ်ပုံ -Ronny Johnsen (Twitter)
The Ladies News

 

Vote: 
No votes yet

Add new comment