ကချင်အမျိုးသားအဆင့် ဆွေးနွေးပွဲကျင်းပမည့် နေ့တွင် ရဲတပ်ဖွဲ့မှ လာရောက်တားဆီး

ကချင်ပြည်နယ် မနောကွင်းတွင် ယနေ့ (ဖေဖော်ဝါရီ ၁၆ရက်)တွင် ပြုလုပ် မည့် ကချင်အမျိုးသား အဆင့်ဆွေးနွေးပွဲ သို့ ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှ လာရောက် တားမြစ်ခြင်းများရှိကြောင်း ပွဲဖြစ်မြောက်ရေး ကော်မတီမှ ဦးတန်ဂွန်းက ပြောသည်။
 
၂၁ ရာစုပင်လုံညီလာခံ ဒုတိယအကြိမ် အမျိုးသားအဆင့် ဆွေးနွေးပွဲအကြို အနေဖြင့် ကချင်တိုင်းရင်းသားများက ပြုလုပ်မည့် ကချင်အမျိုးသား အဆင့် ဆွေးနွေးပွဲအား မူလက ဖေဖော်ဝါရီ ၁၆ ရက်မှ ၁၇ ရက်နေ့အထိ ကျင်းပရန် မူလက စီစဉ်ထားသော်လည်း ပွဲစတင်ကျင်းပမည့်နေ့တွင် ရဲတပ်ဖွဲ့တာဝန်ရှိသူများက ကွင်းကိုပိတ်ကာ တားမြစ်ခြင်းများ ရှိကြောင်း သိရသည်။
 
ဦးတန်ဂွန်းက “လောလောဆယ်က ညီလာခံလုပ်ဖို့ ပြင်ဆင်ထား တာက မြစ်ကြီးနား ကချင်မနောကွင်းမှာ ဖြစ်တယ်။ အဲ့ဒီမှာပြင်ဆင်ပြီး သား ဖြစ်တယ်။ အခုက ရဲအင်အားဖြည့်ပြီးမှာ ခြံပိတ်ထားတယ်။ သူတို့ဘာကြောင့် တားမြစ်သလဲ ဆိုတာက ဘာကြောင့်တားမြစ်သလဲ စာထဲမှာ အကြောင်းပြချက် မပါဘူး ဖြစ်နေတယ်။ ဒါကို တားမြစ်လို့ ရသလားပေါ့။ စဉ်းစားဖို့လိုတယ်။ သက်ဆိုင်ရာအစိုးရကို မေးရမှာဖြစ်တယ်။ အခု လူထုအားလုံးက တားမြစ်ခြင်း ခံရတာကို အားလုံးသိသွားပြီ လူထုက မေးလာတယ်။ ဘာကြောင့် တားသလဲလို့ ကျွန်တော်တို့ လည်း ပြန်မရှင်းပြနိုင်ဘူး ဖြစ်နေတယ်”ဟု ပြောသည်။
 
ကချင်အမျိုးသားအဆင့် ဆွေးနွေးပွဲအား တားမြစ်ခြင်းနှင့် ပတ် သက်ပြီး မြို့နယ်ရဲတပ်ဖွဲ့ရုံးမှ ၂၁ ရာစု ပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံအကြို ဒုတိယအကြိမ် အမျိုးသားအဆင့် ဆွေးနွေးမှု မပြုလုပ်ရေး ပြန်ကြားခြင်း ဆိုကာ ကျင်းပမှုဖြစ်မြောက်ရေး ကော်မတီ၊ ကချင်အမျိုးသား အတိုင်ပင်ခံအဖွဲ့မှ တာဝန်ရှိသူအား ၂၀၁၇၊ ဖေဖော်ဝါရီ ၁၅ ရက်စွဲဖြင့် ပေးပို့ထားသည်။ ထိုသို့ပေးပို့ရာတွင် ကချင်ပြည်နယ်အစိုးရ အဖွဲ့မှ မနောကွင်းအတွင်း မည်သည့်နေရာတွင်မျှ ဆွေးနွေးပွဲအား ခွင့်ပြုခြင်း မပြုလုပ်ရန်၊ ခွင့်ပြုချက်မရှိဘဲ ကျင်းပပါက တာဝန်ရှိသူ အဆင့်ဆင့်အား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း အသိပေး ထားသည်ဟု ပွဲဖြစ်မြောက်ရေး ကော်မတီ တာဝန်ရှိသူများထံ ပေးပို့ သည့်စာတွင် ဖော်ပြပါရှိသည်။
 
ဦးတန်ဂွန်းက “ဘာပဲဖြစ်ဖြစ် ဒါက ဆွေးနွေးပြီးသွားရမယ့် ဖြစ်စဉ် ဖြစ်နေ . တော့ ဒီ အတိုင်း မဆွေးနွေးလို့တော့ မဖြစ်ဘူးလေ။ ၂၁ ပင်လုံဆိုတာ က ဆွေးနွေးဖို့ပဲလေ။ ကချင်အရေးကို ကချင်တွေ ဆွေးနွေးပြီးတော့မှ ရလဒ်ကို ဆွေးနွေးသွားမှာ ဖြစ်တယ်။ ဒါကလုပ်ရ မယ့် အလုပ်ဖြစ်တဲ့ အတွက် ဘာကြောင့် တားမြစ်သလဲဆိုတာက သက်ဆိုင်ရာ အစိုးရ က ဖော်ပြဖို့လိုတယ်။ ဘာဖြစ်လို့ ဆိုတာတော့ ထင်ကြေး မပေးလို ဘူး။ ဆွေးနွေးတာကို ဖြေရှင်းရမှာက အစိုးရအလုပ် ဖြစ် တယ်” ဟု ပြောသည်။
 
လက်ရှိအခ်ျိန်တွင် မနောကွင်းအတွင်း ကျင်းပခွင့်မပြုသည့် အတွက် ကချင်အမျိုးသားအဆင့် ညီလာခံ တက်ရောက်ရန် ရောက်ရှိလာသူအချို့ အပြင်သို့ထွက်နေရပြီး ပွဲကျင်းပရေး ကော်မတီမှ ပွဲဆက်လက်ကျင်းပမည့် ကိစ္စနှင့် ပတ်သက်မှုအပေါ် ဆွေးနွေးနေဆဲဖြစ်ကြောင်း သိရသည်။ ၂၁ ပင်လုံ၏ အဆက်အဖြစ် ဒေသအလိုက်နှင့် အမျိုးသားအဆင့် ဆွေးနွေး ပွဲများကို အန်စီအေ နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ နယ်မြေများတွင် ကျင်းပရန် အစိုးရဘက်မှ စီစဉ်ထားသည်။
 
စိုင်းဟန်
ဓာတ်ပုံ- Khon Ja Fb
The Ladies News
 

 

Vote: 
No votes yet

Add new comment