ကမ္ဘာပေါ်တွင် ဈေးအသက်သာဆုံးကား အိန္ဒိယ ထုတ်လုပ်

ကမ္ဘာ့ဈေးအသက်သာဆုံး ကားဖြစ်သည့် Bajaj ကုမ္ပဏီထုတ် Qute အား ရုရှားနိုင်ငံတွင် လေးဘီးဆိုင်ကယ်အဖြစ် စတင်ရောင်းချလျက်ရှိသည်။ Qute လေးဘီးဆိုင်ကယ်သည် ဈေးကွက်တွင် လူစီးကားငယ်များကို ယှဉ်ပြိုင်ဖွယ် မရှိသော်လည်း စီးပွားရေးလုပ်ငန်းသုံး ဈေးကွက်တွင် နေရာယူလာဖွယ်ရှိသည်။ “ဈေးအသက်သာဆုံး ယာဉ်” ဆိုသော်လည်း Qute သည့် ကားတစ်စီးအဖြစ် အပြည့်အ၀ မသတ်မှတ်နိုင်သော် မိုက်ကရိုကားအဖြစ် ဈေးကွက်တင်လျက် ရှိသည်။

Qute ၏ အသုံးပြုစရိတ် သက်သာခြင်းကြောင့် ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းအမျိုးမျိုးက စိတ်ဝင်စားမှု ခံရသည်။ Qute အား ရုရှားတွင် ဖြန့်ဝေသူ East West Motors မှ ဂျင်နရယ်ဒါရိုက်တာ က “Qute ဟာ စီးပွားရေးလုပ်ငန်းသုံးအဖြစ် စတင်ခဲ့တာဖြစ်ပြီး ပစ္စည်းပို့တဲ့ ကုမ္ပဏီတွေ၊ ကားငှားတဲ့ ကုမ္ပဏီတွေနဲ့ တက္ကစီတွေအတွက် အဓိက ရည်ရွယ်ပါတယ်။ ပစ္စည်းပို့တဲ့ ကုမ္ပဏီတွေကို စစ်တမ်း ကောက်ယူမှုအရ Qute ဟာ ဒီနယ်ပယ်နဲ့ ရာနှုန်းပြည့် ကိုက်ညီမှုရှိတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ Qute အိမ်စီးလေးဘီးဆိုင်ကယ်အဖြစ် သုံးမယ်ဆိုရင်လည်း အခက်အခဲမရှိ သုံးနိုင်ပါတယ်” ဟု ပြောကြားသည်။

ရုရှားဈေးကွက်တွင် Qute ရောင်းချချိန်သည် Daewoo ကုမ္ပဏီ ထုတ် Matiz ကားငယ်များ ဈေးကွက်မှ ထွက်ခွာချိန်နှင့် တိုက်ဆိုင်နေသည်။ Qute သည် အလွန်ဈေးသက်သာသည့် Matiz ၏ နေရာကို ရယူနိုင်သည့်အပြင် “ပီဇာပို့ကား” ဟု ခေါ်လေ့ရှိသည့် ပါဆယ်ပို့ကားဈေးကွက်တွင်လည်း နေရာရလာဖွယ်ရှိသဖြင့် ဈေးကွက် အောင်မြင်မှုရရန် အခွင့်အလမ်း ကောင်းလျက်ရှိသည်။

Qute တွင် ရှေ့နှင့်နောက်ဘီးကြား အကွာအဝေး ၂ မီတာထက်နည်းပြီး မြင်းကောင်ရေ ၁၃ ကောင်အားရှိ 217 CC ဓာတ်ဆီအင်ဂျင်တပ်ဆင်ထားသည်။ အလေးချိန် ပေါင် ၄၀၀ ခန့်ရှိပြီး တစ်နာရီလျှင် ၇၀ ကီလိုမီတာနှုန်းအထိ မောင်းနှင်နိုင်ကာ ဆီစားအလွန်သက်သာသည်။ ၈ လီတာဆံ့သည့် ဆီတိုင်ကီတွင် အောက်တိန်း - ၉၂ ဓာတ်ဆီအပြည့် ထည့်ထားပါက ကီလို ၂၆၀ ကျော်အထိ မောင်းနှင်နိုင်သည်။ Qute တွင် ဆိုင်ကယ်ပုံစံ ဂီယာ ၅ ချက် ပါဝင်သည် ဘီများတွင် ဘရိတ်ပြားနှင့် ဟိုက်ဒရောလစ်စနစ်များ ပါဝင်သည်။

KHTun

The Ladies News

 

Vote: 
No votes yet

Add new comment