မက်ဇက်ကာဘတ်နှင့် ဇနီး ဆေးပညာသုတေသလုပ်ငန်းများအတွက် ဒေါ်လာ သုံးဘီလီယံကျော် ရင်းနှီးမြှုပ်နှံမည်

ဖေ့စ်ဘုတ်အမှုဆောင် အရာရှိချုပ် မက်ဇက်ကာဘတ်နှင့် ဇနီး ဒေါက်တာ ပရစ်စီလာချန်တို့သည် ဆေးပညာ သုတေသနလုပ်ငန်းများ အရှိန်မြှင့်တင်နိုင်မည့် နည်းပညာများ ဖွံ့ဖြိုးရေးအတွက် လာမည့် ဆယ်စုနှစ်အတွင်း ဒေါ်လာ ၃ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံသွားမည်ဟု ဗုဒ္ဓဟူးနေ့တွင် ပြောကြားသည်။ ဇက်ကာဘတ် ဇနီးမောင်နှံ၏ ပရဟိတလုပ်ငန်းဖြစ်သော ချန်ဇက်ကာဘတ် ရှေ့ဆောင်ကုမ္ပဏီလီမိတက်သည် ပထမ ရင်းနှီးမြှုပ်နှံမှုအဖြစ် ဆန်ဖရန်စစ္စကို အခြေစိုက် အင်ဂျင်နီယာနှင့် သိပ္ပံပညာရှင်များအတွက် သုတေသန ဓာတ်ခွဲခန်းတစ်ခု တည်ဆောက်ရန် ဒေါ်လာသန်း ၆၀၀ ရင်းနှီးမြှုပ်နှံမည်ဟု ဒေါက်တာ ပရစ်စီလာချန်က ဆိုသည်။
 
Biohab ဟု အမည်ပေးမည့် ထိုသုတေသန စင်တာတွင် ကယ်လိုဖိုးနီးယားတက္ကသိုလ် (ဆန်ဖရန်စစ္စကို)၊ ကယ်လီဖိုးနီးယား တက္ကသိုလ် (ဘာကလေ) နှင့် စတန်းဖို့ဒ်တက္ကသိုလ်တို့မှ ပညာရှင်များက ဆေးပညာ သုတေသနလုပ်ငန်းများအတွက် နည်းပညာများ စမ်းသပ်ဖန်တီးမည်ဟု ဆိုသည်။ မစ္စတာ ဇက်ကာဘက်က “အခု ရာစုနှစ်အတွင်း ရောဂါအားလုံးကို ကာကွယ်နိုင်၊ ကုသနိုင်။ ထိန်းချုပ်နိုင်ဖို့ လမ်းညွှန်မြေပုံတစ်ခု ဖန်တီးနိုင်မယ့် နည်းပညာတွေကို အာရုံစိုက်သွားမှာပါ” ဟု ပြောကြားခဲ့သည်။
 

KHTun

 

Vote: 
No votes yet

Add new comment