ပျော်ရွှင် ရင်ခုန်ဖွယ်ရာ အစီအစဉ်များဖြင့် MYANMAR COUNTDOWN 2016

နှစ်ဟောင်းကို နှုတ်ဆက်ကာ နှစ်သစ်ကို ကြိုဆိုကြမည့်သူများအတွက် ပျော်ရွှင် ရင်ခုန်ဖွယ်ရာ ကြုံတွေ့ရမည့် MYANMAR COUNTDOWN 2016 ကို ရန်ကုန်မြို့ရှိမိုင်ဒါကွင်း၊ သုဝဏ္ဏ မိုးလုံလေလုံ အားကစားကွင်း၊ ရွှေထွဋ်တင်၊ MCC အစရှိသည့်နေရာများတွင် နိုင်ငံကျော် အနုပညာရှင်များစွာဖြင့် စည်ကားသိုက်မြိုက်စွာ ပြုလုပ်ကျင်းပကြတော့မည် ဖြစ်သည်။ မိုင်ဒါကွင်းတွင် ပြုလုပ်မည့် MYANMAR COUNTDOWN 2016 ကို ၀င်ကြေးအခမဲ့ အဖြစ် သတ်မှတ်ထားပြီး မှတ်ပုံတင်တစ်ခုလျှင် လက်မှတ် နှစ်စောင်နှုန်းဖြင့် 4TV Showroom များတွင် ထုတ်ယူနိုင်ပြီဖြစ်သည်။ အဆိုပါပွဲကို MRTV-4, Channel 7, 4HD - High Definition နှင့် For Tunes တို့က တိုက်ရိုက် Live ထုတ်လွှင့်ပြသ ပေးသွားမည်ဖြစ်သည့် အပြင် ပရိသတ်များ အတွက် Signal မှ နှစ်သောင်းကျပ်တန် Giftset ငါးခု၊ MPT မှ တီရှပ် ငါးထောင်နှင့် ဦးထုပ် တစ်သောင်းအပြင် OPPO Neo7 ဖုန်းငါးလုံး၊ OPPO မှလည်း Neo7 ဖုန်း ၁၆ လုံး၊ 4TV မိသားစုမှ 4TV စက် ဆယ်လုံးနှင့် တစ်လ အခမဲ့ကြည့်ရှုခွင့်၊ Solmux မှ ကျပ်ငါးသောင်းတန် ချက်လက် မှတ် အခု ၂၀ တို့ကို ကံစမ်းမဲ ဖောက်ပေးသွားမည် ဖြစ်သည်။ သုဝဏ္ဏမိုးလုံလေလုံ အားကစားကွင်း အရှေ့မျက်နှာစာတွင် ပြုလုပ်မည့် Coca-Cola Countdown Musicfest & Fireworks Show ပွဲကြီး ကို ညနေ ၆ နာရီခွဲမှ ၁၂ နာရီခွဲ အထိ ကျင်းပပေးသွားမည်ဖြစ်သည်။ လူငယ်တေးသံရှင်များဖြစ်သည့် လင်းလင်း၊ ချစ်သုဝေ၊ ဂျီလတ်၊ ပိုပို၊ ယုန်လေး၊ ဆိုတေး၊ ၀န၊ ဆူဇီ၊ နန်းဆုရတီစိုး၊ သားသား၊ ဂျက်ဆန်ထွန်း၊ Super Model၊ ဆန်းသစ်လ၊ ဂေဂေး နှင့် Coca-Cola Brand Ambassador မိစန္ဒီတို့က ပရိသတ် အကြိုက် လက်ရွေးစင်တေးသီချင်းများဖြင့် ဖျော်ဖြေ တင်ဆက်ပေးသွားမည် ဖြစ်သည်။  ထို့ပြင် ဟာသလူရွှင်တော် လေးဦးဖြစ်သည့် ဧရာ၊ ဗေလုဝ၊ ပန်းသီး၊ ရာဇာပေါက်စီ တို့၏ စိတ်အပန်းဖြေဖွယ် ရယ်စရာပြက်လုံးများကိုလည်း ခံစားနိုင်မည်ဖြစ်သလို ရန်ခုန် စိတ်လှုပ်ရှားဖွယ် လှပသည့် ရောင်စုံမီးရှူးမီးပန်းများ ပစ်ဖောက်ပြီး နှစ်သစ်ကို ကြိုဆိုနိုင်မည်ဟုလည်း သိရသည်။ Coca-Cola Countdown Musicfest & Fireworks Show ကို MITV နှင့်အတူ MNTV၊ Channel 9၊ Sky Net HD တို့ကလည်း တိုက်ရိုက်ထုတ်လွှင့် ပြသပေးသွားမည် ဖြစ်သည်။ ရွှေထွဋ်တင်၌ပြုလုပ်မည့် New Year Red Square CountDown Party ကိုတော့ ၀င်ကြေး ရှစ်ထောင် ကျပ် သတ်မှတ်ထားကြောင်း သိရသည်။ စတိတ်စင်နှစ်ခုနှင့် တစ်ပြိုင်နက်ကျင်းပမည့် ထိုပါတီမှာတော့ HIP HOP အဆိုတော် များဖြစ်သည့် စိုင်းစိုင်း၊ SNARE၊ လွှမ်းပိုင်၊ ဘန်နီဖြိုး၊ ရဲရင့်အောင်၊ ရွှေထူး၊ ထက်ယံ၊ LIL’Z၊G-FATT၊ မိစန္ဒီနှင့် BOBBY SOXER တို့က ဖျော်ဖြေပေးသွားမည်ဖြစ်ပြီး ROCK ဘက်မှာတော့ ဝေလ၊ ၀န၊ သာဒီးလူ၊ ဇွဲပြည့် အစရှိသူများက ဖျော်ဖြေပေးသွားမည် ဖြစ်သည်။ DJ များအဖြစ် DJ Usher၊ DJ LU LU၊ DJ MICKEY ၊ DJ LEO ၊ DJ NAUNG NAUNG နှင့် DJ DYNAMITE တို့က ပါဝင်အားဖြည့် ကြမည်ဟု သိရသည်။ သတင်း - ဇော်မင်းထွန်းThe Ladies News Journal  

 

Vote: 
No votes yet

Add new comment