မြောက်ဦးရှေးဟောင်းယဉ်ကျေးမှု နယ်မြေ နန်းတော်ရာကုန်းမှ ကျူးကျော်ဈေးဆိုင် များ ဖယ်ရှားရန် စီစဉ်နေ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ရှေးဟောင်း ယဉ်ကျေးမူနယ်မြေရှိ နန်းတော်ရာကုန်းဝင်း
တွင် ဈေးရောင်းနေသည့် ကျုးကျော်ဆိုင်များအား အမြန်ဆုံးဖယ်ရှားနိုင်ရေး ဆောင်
ရွက်နေကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(မြောက်ဦး
ဌာနခွဲ)မှ သိရှိရသည်။

အဆိုပါ ဈေးဆိုင်များဖယ်ရှားရန် လက်ရှိတွင် ကျူးကျော်ဈေးဆိုင်များ စာရင်း
ကောက်ယူမှုများ ပြုလုပ်နေ ကြောင်း သိရသည်။

“မြောက်ဦးမြို့ကို UNSCO ကမ္ဘာ့ယဉ်ကျေးမူ အမွေအနှစ်များစာရင်းထဲ ဝင်ရောက်
စေနိုင်ဖို့အထိ ရည်မှန်းပြီး လုပ်ဆောင်နေတယ်။ အရင်ကလည်း ဒီကျူးကျော်
ဈေးဆိုင်တွေကို ဒီနေရာက ဖယ်ရှားပေးဖို့နဲ့ မဖယ်ရှားနိုင်သေးတဲ့ကြားထဲမှာ စနစ်
တကျ ရောင်းချကြဖို့ အကြိမ်ကြိမ် ညွှန်ကြားစာပို့ပြီးပါပြီး။ အခုတော့ ကျူးကျော်ဆိုင်
တွေကိုအမြန်ဆုံးဖယ်ရှားနိုင်ရေး ဆောင်ရွက်ရတော့မယ်။ လောလောဆယ်
ဘယ်နေ့ဆိုတာတော့ တိတိကျကျ မသတ်မှတ်သေးပါဘူး။ တခြားဌာနဆိုင်ရာ
တွေဖြစ်တဲ့ စည်ပင်၊ မြေစာရင်း၊ မြို့နယ်ထွေအုပ်၊ ရဲတပ်ဖွဲ့တွေနဲ့ ပူးပေါင်း
ဆွေးနွေးပြီး ဖြေရှင်းသွားမယ်” ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်
ဦးစီးဌာန (မြောက်ဦးဌာနခွဲ)မှ ဒု-ညွန်ကြားရေးမှူးဦးကျော်ဇံက ပြောသည်။

မြောက်ဦးမြို့ထဲရှိ ရှေးရခိုင်ဘုရင်များ ထီးနန်းစိုက်ခဲ့ရာ နန်းတော်ရာကုန်းဝင်းအတွင်း
ကျူးကျော်ဈေးဆိုင်ပေါင်း ၄၃  ဆိုင်ရှိနေပြီး ထမင်းဆိုင်၊ ဓာတ်ဆီဆိုင်၊ ကွမ်းယာဆိုင်
များ အများဆုံးပါဝင်နေကာ လောင်းကစားဝိုင်းများ၊ အရက်ဝိုင်းများ နေ့စဉ်လိုလို
ရှိနေကြောင်းနှင့် နန်းတော်ရာထဲတွင် ချုံနွယ်များဖြင့် ပြုပြင်ထိန်းသိမ်းမှု အားနည်းနေ
ကြောင်း မြောက်ဦးမြို့ခံများထံမှ သိရသည်။

“ကျွန်မဆိုရင် ဒီမှာ ဈေးရောင်းနေတာ နှစ်နှစ်ရှိပြီ။ ဘေးနားက ထမင်းဆိုင်တွေက
အနည်းဆုံး ငါးနှစ်လောက်ရှိပြီ။ ဒီနေရာက လူစည်ကားတာမို့ ဈေးရောင်းချရတာ
အဆင်ပြေတယ်။ ဒီနေရာက ဖယ်ပေးဖို့ စာပို့ထားတယ်။ ကျွန်မတို့ ဘယ်နားကို
ရွှေ့ပေးရမှာလဲ။ နေရာလေးတစ်ခု အစားပြန်ရရင် အလွယ်တကူ ရွှေ့ပေးနိုင်တယ်။
ဒီနေရာရဲ့ ရှေ့ဘောလုံးကွင်း ဘေးမှာဆိုရင်လည်း အဆင်ပြေမယ်။ ဝေးတဲ့နေရာ
တွေမှာဆိုရင် ဈေးရောင်းမရဘဲ အခက်ကျကုန်မှာ စိုးရိမ်တယ်။ မိသာစုတစ်ခုလုံး
ဒီကွမ်းယာဆိုင်ကိုပဲ မှီခိုနေရတာပါ” ဟု နန်းတော်ရာ ကုန်းဝင်းအတွင်း
ကွမ်းယာရောင်းနေသည့် မမိုးမိုးက ပြောသည်။

မြောက်ဦးမြို့သည် နှစ်ပေါင်း ၃၅၅ နှစ်တိုင် ရခိုင်မင်းနေပြည်တော်ဖြစ်ခဲ့သည်နှင့်
အညီ ဘုရား၊ စေတီ၊ ပုထိုးတော်များလည်း ပေါများကာ ဒေသခံများအပါအ၀င်
နေရာအနှံ့မှ ဘုရားဖူး ခရီးသည်များ လာရောက်လေ့ရှိကြောင်း ဒေသခံများထံမှ
သိရသည်။

သတင်း - MMK

photo- myohmyanmar
The Ladies News Journal
 

Vote: 
No votes yet

Add new comment