အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် ရီးရဲမက်ဒရစ်နှင့် ဘာစီလိုနာတို့၏ ထိပ်သီး ပွဲစဉ်တွင် လုံခြုံရေး နှစ်ဆ တိုးမြှင့် ချထားမည်

ပြီးခဲ့သည့် သောကြာနေ့ ညပိုင်းက ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် အကြမ်းဖက်
တိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့မှုနှင့်အတူ လုံခြုံရေး အကြောင်းပြချက်ဖြင့်
ကျင်းပရန် စီစဉ်ထားခဲ့သည် ခြေစမ်းပွဲများ ဖျက်သိမ်းရပြီးနောက် ယခုသီတင်းပတ်
စနေ့နေတွင် ဘာနေဗျူးကွင်း၌ ကစားရန်စီစဉ်ထားသည့် ရီးရီမက်ဒရစ်နှင့်
ဘာစီလိုနာပွဲစဉ်ကို လုံခြုံရေး တိုးမြှင့်ချသွားမည်ဖြစ်ကြောင်း သိရသည်။

စပိန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဖရန်စစ်ဆကို မာတီနက်မှာ ရီးရဲမက်ဒရစ်နှင့်
ဘာစီလိုနာတို့ ကစားမည့် ပွဲစဉ်အတွက် လုံခြုံရေးအပေါ် သံသယရှိနေပြီး  လုံခြုံရေး
တိုးမြှင့်ချထားနိုင်ရေး အတွက် ရဲတပ်ဖွဲ့တာဝန်ရှိသူများ နှင့် တွေ့ဆုံဆွေးနွေးလျက်
ရှိနေကြောင်းသိရသည်။  ပဲရစ်မြို့တွင် တိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့ပြီးနောက်
ယခုသီတင်းပတ်အတွင်း ကစားရန် စီစဉ်ထားသည့် ဂျာမနီ နှင့် ဟော်လန်၊  
ဘယ်လ်ဂျီယံ နှင် စပိန် ခြေစမ်းပွဲစဉ်များမှာ လုံခြုံရေးအခြေနေများကြောင့်
ဖျက်သိမ်းခဲ့ရကြောင်း သိရသည်။ ဘာစီလိုနာ နှင့် ရီးရဲမက်ဒရစ်ပွဲစဉ်မှာ ကမ္ဘာ့
ထိပ်သီး နှစ်သီးကြား အားပြိုင်ပွဲဖြစ်ရာ ပရိသတ်များပြားစွာ လာရောက်နိုင်ဖွယ်
ရှိနေသည့်အတွက် လုံခြုံရေးအခြေနေများ အပေါ်စိုးရိမ်မှုများ မြင့်တက်နေခြင်းလည်း
ဖြစ်သည်။ သို့သော်လည်း စပိန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ မာတီနက်ဇ် က
ရီးရဲမက်ဒရစ်အိမ်ကွင်း ဘာနေဗျူးတွင် ကစားမည့်ပွဲကို လုံခြုံရေး တိုးမြှင့်မည်ဖြစ်ရာ
ယခင်ကထက် လုံခြုံရေး နှစ်ဆကျော် ချသွားမည်ဖြစ်ကြောင်း အတည်ပြု ပြောဆို
ထားသည် ။

သတင်း - ဇော်မင်းဦး
The Ladies News Journal
 

Vote: 
No votes yet

Add new comment