You are here
မင်္ဂလာဒုံ စက်မှုဇုန်ဝင်းရှိ ကိုကာကိုလာကုမ္ပဏီ၏ ကုန်ကြမ်းဂိုဒေါင် မီးလောင်
Posted: September 24, 2015

ကိုကာကိုလာ အဖျော်ရည် ကုမ္ပဏီ၏ ကုန်ကြမ်းပစ္စည်းများ သိုလှောင်ရာ မင်္ဂလာဒုံမြို့နယ် ၊ဇေကမ္ဘာဝင်းတွင် တည်ရှိသည့် ဂိုဒေါင်တွင် နံနက်စောပိုင်းက မီးစတင်လောင်ကျွမ်းရာ ယခုအချိန်အထိ မီး မငြိမ်းသတ်နိုင်သေးဘဲ အရှိန်ပြင်းစွာလောင်ကျွမ်းနေခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။
ကိုကာကိုလာကုမ္ပဏီ၏ သကြားနှင့် ပလတ်စတစ် စသည့် ပစ္စည်းများထားရာ ဂိုဒေါင်ဖြစ်သဖြင့် အဆိုပါ ပစ္စည်းများက မီးလောင်မှုအားပေးမှု ရှိနေပြီး မီးသတ်ကား ၄၀ ကျော် ၀ိုင်းဝန်းငြိမ်းသတ်နေသော်လည်း မီးတောက် မကြိုးသေးကြောင်း သိရသည်။
The Ladies News Journal
Vote:
Add new comment