Tech News

3 D ပရင်တာဖြင့် ထုတ်လုပ်သည့်ဆေး အမေရိကန်တွင် အသုံးပြုခွင့်ရ

3D ပရင်တာနည်းပညာဖြင့်ထုတ် လုပ်သည့် ဆေးဝါးတစ်မျိုးသည် အ မေရိကန်အစားအစာနှင့် ဆေးဝါးစီမံ ခန့်ခွဲမှုဌာန၏ အတည်ပြုမှုကို ပထမ ဆုံးအကြိမ်ရရှိခဲ့ပြီး လူနာတစ်ဦးစီ၏ လိုအပ်ချက်အလိုက် ပြုပြင်နိုင်သည့် ဆေးဝါးများ

ကွန်ပျူတာအား ဟက်ကာများက ထိန်းချုပ်ကာ အချက်အလက်များကိုအသံလှိုင်းအဖြစ် ထုတ်လွှင့်နိုင်သည့်နည်းလမ်း စမ်းသပ်ပြသ

နည်းပညာလုံခြုံရေး သုတေသန ပညာရှင်အဖွဲ့တစ်ခုသည် ကွန်ပျူတာ၊ ပရင်တာ စသည့်ကိရိယာများအား ထိုးဖောက်ထိန်းချုပ်ကာ အချက်အ လက်များကို အသံလှိုင်းအဖြစ် ပြန် လည်ထုတ်လွှင့်နိုင်ကြောင်း လက်တွေ့ ပြသခဲ့သည်။ ထိုတိုက်ခု

ဖေ့စ်ဘုတ်က အင်တာနက်ဝန်ဆောင်မှုပေးမည့် ဒရုန်းသစ်ထုတ်ဖော်ပြသ

ဖေ့စ်ဘုတ်သည် ကမ္ဘာ့ဝေးလံ ခေါင်းပါးသည့်ဒေသများတွင် အင်တာ နက်ဝန်ဆောင်မှုပေးရန် ရည်ရွယ်၍ ဒီဇိုင်းထုတ်ထားသော အမြင့်ပျံဒရုန်း လေယာဉ်ကို စမ်းသပ်ပျံသန်းရန် အ သင့်ရှိနေပြီဟု ပြောကြားသည်။ AQUILA ဟုအမည်ပေးထားသ

တရုတ်က ဒရုန်းနှင့် စူပါကွန်ပျူတာများ ပြည်ပတင်ပို့မှုကန့်သတ်

တရုတ်နိုင်ငံသည် ဒရုန်းများနှင့် စူပါကွန်ပျူတာများ ပြည်ပတင်ပို့ခြင်းကို သြဂုတ် ၁၂ မှစ၍ ကန့်သတ်လိုက်ပြီး အမျိုးသားလုံခြုံရေးကို ကာကွယ်ရန်နှင့် ထိုကိရိယာများ စစ်သွေးကြွ များလက်တွင် ကျရောက်ခြင်းကိုကာ က

အသက် ၈၀ အရွယ် အငြိမ်းစားတစ်ဦး စက်မျက်လုံးတပ်ဆင်ပြီး အမြင်အာရုံပြန်ရ

အမြင်အာရုံတစ်စိတ်တစ်ပိုင်း ကွယ်ပျောက်နေသည့် ဗြိတိန်အငြိမ်းစားတစ်ဦးသည် စက်မျက်လုံးတပ်ဆင်ခြင်းဖြင့် အမြင်အာရုံအများစု ပြန်လည်ရရှိခဲ့သည်။ ထိုကိရိယာက မျက်မှန်တွင် တပ်ဆင်ထားသည့် ကင်မရာငယ်မှ ပုံရိပ်များကို ဦးနှောက်လှုံ့ဆော်မှုအဖြစ် ပြောင်းလဲပေးသည်။ အငြိမ်းစားအင်ဂျင်နီယာတစ်ဦးဖြစ်သူ ရေးဖလင်းတွင် စက်မျက်လုံးတပ်ဆင် မှုအောင်မြင်ခဲ့ကြောင်း မန်ချက်စတာတက္ကသိုလ်က ဇူလိုင် ၂၂ တွင် ကြေညာခဲ့ပြီး အသက် ၈၀ ရှိ ဖလင်းကြုံတွေ့နေရသည့် အခြေအနေမျိုးအတွက် ကမ္ဘာပေါ်တွင် ပထမဆုံးအကြိမ် ဖြစ်သည်ဟုဆိုသည်။ ဖလင်းသည် အသက်အရွယ်နှင့်ဆက်စပ်သော အမြင်အာရုံချို့ယွင်းခြင်း (AMD) ရောဂါဖြစ်ပွားနေခြင်းဖြစ်သည်။ AMD သည် ဖွံ့ဖြိုးပြီးနိုင်ငံများတွင် အသက် ၅၀ အထက်အရွယ်များ၌ အမြင်အာရုံ ချို့ယွင်းစေသည့်အဓိကအကြောင်း ရင်းဖြစ်သည်။ ထိုအခြေအနေတွင် အမြင်အာရုံချို့ယွင်းပြီး ရှေ့တည့်တည့်မှ အရာများကို မြင်နိုင်စွမ်းမရှိတော့ပေ။ ထို့ကြောင့် စာဖတ်ခြင်း၊ ကား မောင်းခြင်းတို့ မပြုလုပ်နိုင်တော့ဘဲ မျက်နှာများကိုမှတ်မိရန်လည်း ခက်ခဲစေသည်။

အိန္ဒိယတွင် ရွှေစတော့ရှယ်ယာပွဲစားများကဖုန်း app များဖြင့် ဆွဲဆောင်နိုင်ရန်စီစဉ်

အစဉ်အလာအားဖြင့် ရင်းနှီးမြှုပ်နှံမှုအတွက် ရွှေကိုအဓိကရွေးချယ်လေ့ရှိသော အိန္ဒိယတွင် မိသားစုများ၏ ရင်းနှီးမြှုပ်နှံမှုရှယ်ယာအနည်းငယ်ရရှိနိုင်ရန် စရိတ်နည်း စတော့ရှယ်ယာပွဲစားများက ဆောင်ရွက်လျက်ရှိနေသည်။ ရှယ်ယာရောင်းဝယ်ခြင်းကို စမတ်ဖုန်း app များအသုံးပြုဆောင်ရွက်ခြင်းဖြင့် ရွှေဆိုင်တွင် ရွှေဝယ်သကဲ့သို့ အလွယ်တကူဆောင်ရွက်နိုင်ရန် လုပ်ဆောင်လာကြသည်။ အိန္ဒိယသည် ကမ္ဘာပေါ်တွင်ရွှေများဆုံးဝယ်ယူသည့် နိုင်ငံတစ်ခုဖြစ်ပြီး အစဉ်အလာအားဖြင့် ဝင်ငွေတိုးလာပါက ရွှေထည်ပစ္စည်းအသစ်ဝယ်ရန်သာ စဉ်းစားလေ့ရှိသည်။ သို့သော် ပြီးခဲ့သည့် ၄ နှစ်အတွင်း ရွှေဈေး ၄၂ ရာခိုင်နှုန်း ကျဆင်းခြင်းနှင့် စတော့ရှယ်ယာဈေးများ အလားတူပမာဏ မြင့်တက်ခဲ့ခြင်းတို့ကြောင့် ခိုင်မာသည့် ရင်းနှီးမြှုပ်နှံမှုအဖြစ် ရွှေ၏ဂုဏ်သတင်းမှာ ကျဆင်းခဲ့ရသည်။

Apple watch မှာ ကျဆုံးနေသည့် ထုတ်ကုန်မဟုတ်ဟု အက်ပဲလ်ပြောကြား

အက်ပဲလ်က ၎င်းတို့၏စမတ်နာရီ မှာ ကျဆုံးနေသည့် ထုတ်ကုန်မဟုတ် ကြောင်း ရင်းနှီးမြှုပ်နှံသူများအား အင်္ဂါနေ့က ရှင်းလင်းပြောကြားခဲ့ပြီး ထိုပြောကြားချက်ကို ရင်းနှီးမြှုပ်နှံသူများက ယူဆချက်အမျိုးမျိုး ဖြစ်ဖွယ်ရှ

Pages