ပြည်နယ်နှင့်တိုင်း သုံးခုတွင် မိုးပိုမိုကာ ရေကြီးခြင်း၊ မြေပြိုခြင်းတို့ ဖြစ်ပေါ်နိုင်

ဩဂုတ်လ (၂၃) ရက်နေ့၊ မွန်းလွဲ (၁၄:၀၀) နာရီ အချိန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ နောက် (၂) ရက် အတွင်း ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးပိုနေမည်ဟု ခန့်မှန်း ထားသည်။
 
ECMWF/Global Euro HD ( weather.us ) မှ လေ့လာတွေ့ရှိရသော အချက်အလက်များအရ လည်း (၂၅-၈-၂၀၁၉) ရက်နေ့တွင် တောင်ငူမြို့၊ သံတောင်ကြီးမြို့၊ သိမ်ဇရပ်မြို့၊ သထုံမြို့၊ မော်လမြိုင်မြို့၊ မုဒုံမြို့၊ သံဖြူဇရပ်မြို့၊ ရေးမြို့၊ ဘားအံမြို့၊ လှိုင်းဘွဲ့မြို့၊ ကော့ကရိတ်မြို့၊ မြဝတီမြို့နှင့် ကြာအင်းဆိပ်ကြီး မြို့တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပြီး (မိုးရေချိန် ၃ လက်မ မှ ၆ လက်မကြား) မိုးရွာသွန်းနိုင်သည်ကို လေ့လာတွေ့ရှိရပါသည်။
 
အလားတူ (၂၆-၈-၂၀၁၉) ရက်နေ့တွင်လည်း မိုးရွာသွန်းနိုင်မှု အခြေအနေ ခန့်မှန်းချက်များအရ တောင်ငူမြို့၊ သံတောင်ကြီးမြို့၊ ကျောက်တံခါးမြို့၊ မဒေါက်မြို့၊ ဝေါမြို့၊ ကျိုက်ထိုမြို့၊ သိမ်ဇရပ်မြို့၊ သထုံမြို့၊ မော်လမြိုင်မြို့၊ မုဒုံမြို့၊ သံဖြူဇရပ်မြို့၊ ရေးမြို့၊ ဘားအံမြို့၊ လှိုင်းဘွဲ့မြို့၊ ကော့ကရိတ်မြို့၊ မြဝတီမြို့၊ ကြာအင်းဆိပ်ကြီးမြို့၊ ကျောက်ရပ်မြို့၊ ထားဝယ်မြို့၊ သရက်ချောင်းမြို့နှင့် ချောင်းဝပြင်မြို့ တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပြီး (မိုးရေချိန် ၃ လက်မ မှ ၅ လက်မကြား) မိုးရွာသွန်းနိုင်သည်ကို လေ့လာ တွေ့ရှိရပါသည်။
 
သိသာသည့် မိုးရေချိန်ပမာဏများ ရရှိနိုင်ရန် အလားအလာရှိနေသည့် မွန်-တနင်္သာရီ ကမ်းရိုးတန်း ဒေသများအပါအဝင် မြန်မာနိုင်ငံတောင်ပိုင်း ဒေသများ အနေဖြင့် မိုးရွာသွန်းမှု များပြားခြင်းကြောင့် ဖြစ်လာ နိုင်သည့် ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းအန္တရာယ်များကိုပါ ကြုံတွေ့ရနိုင် သည်ဖြစ်ရာ မိုးလေဝသနှင့်ဇလ ဗေဒညွှန်ကြားမှု ဉီးစီးဌာနမှ အချိန်နှင့် တပြေးညီထုတ်ပြန်ပေးလျက်ရှိသည့် မိုးလေဝသကြိုတင်သတိပေး ချက်များအပြင် မိမိတို့ ပတ်ဝန်းကျင်ရှိ အခြေအနေများကိုပါ သတိပြု နေထိုင်ကြပါရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနမှ အကြံပြုထားသည်။
 
Credit - လူကယ်ပြန်
The Ladies News

 

Vote: 
No votes yet

Add new comment