ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးတို့ တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့သည် ၂၃-၈-၂၀၁၉ ရက်နေ့တွင် ရန်ကုန်မြို့ သံလွင်လမ်းတွင်ရှိသော ပြည်ခိုင်ဖြိုးပါတီဌာနချုပ်(ရုံးခွဲ)တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး H.E Mr. Chen Hai ၊ တရုတ်သံမှူး Ms. Yang Chengcheng နှင့်အဖွဲ့အား လက်ခံတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံချစ်ကြည်ရေး၊ နှစ်နိုင်ငံဆက်ဆံရေး ၊ နှစ်နိုင်ငံ ပြည်သူအချင်းချင်း၊ ပါတီအချင်းချင်း ပူပေါင်းဆောင်ရွက်ရေး ကိစ္စများကို ရင်းနှီးပွင့်လင်းစွာဖြင့် ဆွေးနွေးခဲ့ကြ ကြောင်း ပြည်ခိုင်ဖြိုး ပါတီက သတင်းထုတ်ပြန် ထားသည်။
 
တွေ့ဆုံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး၊ ပါတီအထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေး၊ ပါတီဗဟိုအလုပ်အမှုဆောင် ဦးခင်ရီ၊ ပါတီဗဟိုအလုပ်အမှုဆောင် ဦးဝဏ္ဏမောင်လွင်၊ ပါတီဗဟိုကော်မတီဝင် ဒေါက်တာနန္ဒာလှမြင့်တို့ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး H.E Mr. Chen Hai ၊ တရုတ်သံမှူး Ms. Yang Chengcheng နှင့်အတူ အဖွဲ့ဝင်လေးဦးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
 
The Ladies News

 

Vote: 
No votes yet

Add new comment