ခိုလမ်မြို့နယ်အတွင်း ငွေကျပ်သိန်းပေါင်း ၁၅၀၀၀ တန်ဖိုးရှိ မူးယစ်ဆေးဝါး သယ်ဆောင်လာသူအား ဖမ်းဆီးရမိ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့နယ်၊ နမ့်မောင်းကျေးရွာအနီး၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက ယာဉ်ဝင်/ထွက်မှုများကို စစ်ဆေးဆောင် ရွက်စဉ် ယနေ့နံနက် ၇ နာရီခန့်တွင် နမ့်စန်မြို့ဘက်မှ ခိုလမ်မြို့ဘက်သို့ စိုင်းဟောင်နူး(ဘ) ဦးစိုင်းလွမောင်းနှင်လာသည့် မတ်တူးအမျိုးအစား မော်တော်ယာဉ်အမှတ်၊ 3L/-— အား ရပ်တန့်စစ်ဆေးရာ ယာဉ်နောက် ခန်း အတွင်း သယ်ဆောင်လာ သည့် အိုက်စ်အဖြူရောင်အခဲ ၆၀ ကီလို ဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် သိန်းပေါင်း ၁၅၀၀၀)နှင့်အတူ ဖမ်းဆီး ရမိခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ် ပြန်ထားသည်။
 
အဆိုပါ မော်တော်ယာဉ်၊ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူအား တရားဥပဒေအရ အရေးယူ ဆောင်ရွက်နိုင်ရေး ခိုလမ်နယ်မြေရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်းလည်း သိရသည်။
 
The Ladies News

 

Vote: 
No votes yet

Add new comment