မကြာခင်မှာ သီချင်းသစ် ထွက်ရှိလာဖွယ်ရှိကြောင်း ပရိသတ်တွေကို အရိပ်အမြွတ် ပြောကြားလိုက်တဲ့ ဂျက်စ်တင်ဘီဘာ

ပေါ့ပ်အဆိုတော် ဂျက်စ်တင်ဘီဘာသည် ပြီးခဲ့သည့် လအနည်းငယ် အတွင်းက နာမည်ကျော် မော်ဒယ်၊ အနုပညာရှင် တစ်ဦးတစ်ဦး ဖြစ်သည့် ဟာလီ ဘယ်ဒ်ဝင်န် နှင့် လက်ထပ်ခဲ့ပြီး ဇနီးသည်အတွက် အချိန်ပေးနေသူဖြစ်သည်။ People ဆိုရှယ်မီဒီယာ သတင်းဌာန တစ်ခု၏ ဖော်ပြချက်အရ အသက် ၂၄ နှစ်အရွယ်ရှိပြီဖြစ်သော ဂျက်စ်တင်ဘီဘာသည် ဇနီးသည် နှင့်သာ ၄င်း၏အချိန်များကို ကုန်ဆုံးလိုနေပြီး အနုပညာအလုပ်ကို အနည်းငယ်သာ လုပ်ဆောင်သွား ရန် ရှိကြောင်း သိရသည်။
 
ဂျက်စတင်ဘီဘာသည် အောက်တိုဘာလက People ၏ အင်တာဗျူးတစ်ခုတွင်လည်း ၄င်းအနေနှင့် သီချင်းသစ် ပြုလုပ်ရန် ဖိအားများနေကြောင်း ထုတ်ဖော်ပြောကြားထားဖူးသည်။
 
“ပရိသတ်တွေကလည်း ကျွန်တော်သီချင်းအသစ် ထွက်နိုင်ဖို့ မျှော်လင့်နေကြပါတယ်။ ဒါပေမယ့် ကျွန်တော် အခုအချိန်မှာ သီချင်းအသစ်လုပ်ဖို့ ဆန္ဒမရှိသေးပါဘူး။ နောက်ပြီး အလုပ်အကြောင်းတွေလည်း အခုအချိန်မှာ ကျွန်တော် မစဉ်းစားချင်ပါဘူး။ “ ဟု ပြောကြားထားခဲ့ဖူးကြောင်း People မှ ရေးသားဖော်ပြထားသည်။
 
သို့သော် ဂျက်စ်တင်ဘီဘာသည် ပြီးခဲ့သည့် ကြာသပတေးနေ့က ၄င်း၏ လူမှုကွန်ယက် အင်စတာဂရမ်ပေါ်တွင် ကလေးငယ် တစ်ဦးက “Justin Bieber quit” ဂျက်စတင်ဘီဘာ အနုပညာလောကကို စွန့်လွှတ်သွားပြီဟု ယူဆရသည့် စကားကို ပြေကြားထားသည့် ဗွီဒီယိုဖိုင်တစ်ခုကို တင်ထားခဲ့ပြီး အဆိုပါ ဗွီဒီယိုနှင့်တကွ အခုလို ရေးသားဖော်ပြထားသည်။
 
“ချစ်ရတဲ့ ကလေးရေ.. မင်းဖတ်မိသမျှ အရာအားလုံးကို မယုံပါနဲ့ကွာ.. မင်းထင်ထားတာထက် ပိုကောင်းမယ့် သတင်းတစ်ခု မကြာခင်မှာ မင်းငါ့ဆီက ကြားရတော့မှာပါ” ဟု ရေးသား ဖော်ပြထားခြင်း ဖြစ်သည်။ အဆိုပါ ၄င်း၏ ရေးသားဖော်ပြထား မှုကြောင့် မီဒီယာများစွာနှင့် ပရိသတ်များစွာက ၄င်းအနေနှင့် မကြာခင်အချိန်တွင် သီချင်းအသစ်ထွက်လာနိုင်ဖွယ်ရှိကြောင်း ယူဆနေကြခြင်းဖြစ်သည်။
 
ဂျက်စ်တင်ဘီဘာနှင့် ဟာလီ ဘယ်ဒ်ဝင်န် တို့သည် ပြီးခဲ့သည့် စက်တင်ဘာလက တရားဝင် လက်ထပ်ခဲ့ကြပြီး ပြီးခဲ့သည့် ရက်သတ္တပတ်ကမှ ၄င်းတို့ ၂ ဦး၏ ပထမဆုံး Thanksgiving ပွဲကို ကနေဒါနိုင်ငံတွင် ကျင်းပ ပြလုပ်သွားခဲ့သည်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment