နောင်ချိုမြို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နောင်ချိုမြို့၊ ပါဟက်ရပ်ကွက်ရှိ လမ်းဆုံအနီးတွင် ကျောပိုးအိတ် လွယ်လာသူတစ်ဦးအား စစ်ဆေးရာမှ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်များကိုလည်းဖော်ထုတ်နိုင်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
 
မူးယစ်တပ်ဖွဲ့စု(၂၄)လားရှိုးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် နောင်ချိုမြို့၊ ပါဟက်ရပ်ကွက်ရှိ လမ်းဆုံအနီးတွင် အောင်ကျော်အားရှာဖွေရာ ၎င်းလွယ်ထားသည့် ကျောပိုးအိတ် အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၁,၈၀၀ ပြားနှင့် လက်ကိုင်ဖုန်း တစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။
 
ယင်းနောက် ကွင်းဆက်အရ သိမ်းဆည်းရမိသော စိတ်ကြွ ရူးသွပ်ဆေးပြားများကို ပြည်ထောင်စုလမ်းမကြီး၊ ညောင်ပင်စခန်းနှင့် ရှုခင်းသာကြားတွင် နောင်ချိုမြို့နယ်၊ ရေဝင်ကျေးရွာနေ အားချိန်နှင့် ကွမ်းခေးတို့မှ CALDINA အမျိုးစားမော်တော်ယာဉ်ဖြင့် ရောက်ရှိ လာပြီး စိတ်ကြွရူးသွပ်ဆေးပြားများထည့်ထားသည့် ကျောပိုးအိတ်ကိုပေးအပ်၍ နောင်ချိုမြို့အထွက် ဆေးရုံအနီးသို့ ပို့ဆောင်ခငွေ ၃၀၀,၀၀၀ ကျပ်ဖြင့် သယ်ဆောင်ခိုင်းခြင်းဖြစ်ကြောင်း သိရှိရသဖြင့် နောင်ချိုမြို့ အထွက် ဆေးရုံအနီးတွင် စောင့်ဆိုင်းနေစဉ် အားချိန် မောင်းနှင်ပြီး ကွမ်းခေး လိုက်ပါလာသည့် မော်တော်ယာဉ် ရောက်ရှိလာ၍ တားဆီးစဉ် အားချိန်မှာ ထွက်ပြေးသွားခဲ့ပြီး ကွမ်းခေး အား ဖမ်းဆီးရမိခဲ့သဖြင့် အောင်ကျော် (၂၆)နှစ်နှင့် ကွမ်းခေး(၂၁)နှစ် တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာန က သတင်းထုတ်ပြန်ခဲ့သည်။
 
The Ladies News

 

Vote: 
No votes yet

Add new comment