မုံရွာမြို့တွင် မူးယစ်ဆေးဝါးများနှင့် လေသေနတ်တစ်လက်ဖမ်းဆီးရမိ

မုံရွာမြို့တွင် မူးယစ်ဆေးဝါးများနှင့် လေသေနတ်တစ်လက် အောက်တိုဘာ ၁၂ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီး ဌာနက သတင်းထုတ်ပြန်ခဲ့သည်။
 
စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့သည် မုံရွာမြို့၊ အိုးဘိုတောင်ရပ်ကွက်နေ ကိုထွန်း(ခ) သန့်ဇင်ထွန်း ၏နေအိမ်ကို ရှာဖွေရာ ၎င်းနှင့်အတူ လှိုင်စိုးဦး၊ သီဝတင် တို့အား တွေ့ရှိရပြီး ကိုထွန်း(ခ)သန့်ဇင်ထွန်း၏ အိပ်ခန်း အတွင်းမှ ဘိန်းဖြူ ၄ ဒသမ ၁၀၁ ဂရမ်၊ စိတ်ကြွရူးသွပ်ဆေးပြား ၃၄၇ ပြား၊ ဘိန်းမဲ ၂ ဂရမ်၊ PRECIHONE SPORTS စာတမ်းပါ အိန္ဒိယနိုင်ငံလုပ် လေသေနတ် ၁ လက်၊ မှန်ပြောင်း ၁ ခု၊ ခဲသီး ၁၀၀ လုံးနှင့် မြန်မာငွေ ၁,၈၈၅,၀၀၀ ကျပ်တို့ကိုသိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
 
အဆိုပါအမှုနှင့်ပတ်သက်၍ ကိုထွန်း(ခ)သန့်ဇင်ထွန်း(၃၁)နှစ်၊ လှိုင်စိုးဦး (၄၃)နှစ်နှင့် သီဝတင်(၂၅)နှစ်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်ခဲ့သည်။
 
The Ladies News

 

Vote: 
No votes yet

Add new comment