မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ ရေမိုင်လှည့်ကင်း ဆောင်ရွက်

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ ရေမိုင်လှည့်ကင်း ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန် ထားသည်။
 
စက်တင်ဘာလ ၂၀ ရက်နေ့ နံနက် ၁၀ နာရီ ၁၀ မိနစ် အချိန် မောင်တောမြို့၊ နယ်မြေ(၅)၊ အမှတ်(၂)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ ငါးခူရနယ်မြေရဲစခန်းမှူး ဒုတိယရဲမှူး မောင်မောင်ရင် ဦးစီးသည့် တပ်ဖွဲ့ဝင်အင်အား(၈)ဦးသည် ရေယာဉ်တပ်ဖွဲ့စု(မောင်တော)မှ ငါးမန်းအမြန်သွား တိုက်ခိုက်ရေး ရေယာဉ်အမှတ် (၀၀၁)၊ (၀၀၅) ၂ စီးဖြင့်လည်းကောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ BGB(2)မှ Subedar Ab Razzak ဦးစီး (၁၁)ဦးသည် စက်တပ်ရေယာဉ်(၂)စီးဖြင့်လည်းကောင်း မင်္ဂလာကြီးချောင်းဝထိပ် နတ်မြစ်မြစ်လယ်ရှိ နှစ်နိုင်ငံ နယ်နိမိတ်အနီး ရေမိုင်အမှတ်(၈)၌ တွေ့ဆုံပြီး ရေယာဉ်(၄)စီးဖြင့် နတ်မြစ်ကြောင်း အတိုင်း ကင်းလှည့်ခဲ့ရာ ဦးရှည်ကျချောင်းဝအနီး ရေမိုင်အမှတ် (၁၁)သို့ ၁၀၃၅ နာရီတွင် ရောက်ရှိပြီး ရေယာဉ်အမှတ်(၀၀၅)ပေါ်၌ နှစ်ဖက်ညှိနှိုင်း ကင်းလှည့် သည့်အဖွဲ့များ တွေ့ဆုံခဲ့ကြောင်း သိရသည်။
 
The Ladies News

 

Vote: 
No votes yet

Add new comment