ပန်းဆိုးတန်း ဆိပ်ခံတံတားနှင့် နန်းသီတာ ဆိပ်ခံတံတားများကို အဆင့်မြှင့်တင်ရန် စီစဉ်ထား

ပန်းဆိုးတန်း ဆိပ်ခံတံတားနှင့် နန်းသီတာ ဆိပ်ခံတံတားများကို အဆင့်မီ ပြန်လည် တည်ဆောက်ရန် မာစတာပလန် ရေးဆွဲပြီး ဆောင်ရွက်ရန် စီစဉ်ထားပြီးဖြစ်ကြောင်း လျှပ်စစ်၊ စက်မှုလက်မှု နှင့်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးေ ဒ်ါနီလာကျော်ကစက်တင်ဘာ ၂၁ ရက်တွင် ပြောကြားသည်။
 
ယနေ့နံနက် ၁၀ နာရီတွင် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် သတ္တမပုံမှန်အ စည်းအဝေးတွင် ဒလမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးရွှေယင်(ခ)ဦးထွန်း ရင်က ရန်ကုန်-ပန်းဆိုးတန်း-ဒလ လူစီးကူးတို့ရေယာဉ် ဆိုက်ကပ်သော ပန်းဆိုးတန်းဘက်ခြမ်းရှိ အ သစ် တည်ဆောက်ထားသော ခရီးသည် နားနေဆောင်နှင့် Two Way Jetty ကို အများပြည်သူ အ သုံးပြုခွင့် ပေးမည်၊မပေးမည်ကို သိလိုကြောင်း မေးမြန်းမှုအား ပြန်လည်ဖြေကြား ရာတွင် ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
 
“ ကျွန်မတို့အနေနဲ့ နန်းသီတာ နဲ့ ပန်းဆိုးတန်းဆိပ်ကမ်း ဧရိယာ စုစုပေါင်း (၉) ဧကမှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ စီမံခန့်ခွဲ တဲ့မြေက (၄) ဧကခန့်ရှိပါတယ်။ မြန်မာ့ဆိပ်ကမ်းအာ ဏာပိုင်မှ စီမံခန့်ခွဲတဲ့မြေက (၅) ဧကခန့် ရှိပြီးတော့ မြန်မာ့ဆိပ်ကမ်း အာဏာပိုင် စီမံခန့်ခွဲတဲ့မြေ အ တွင်းမှာ နန်းသီတာဆိပ်ကမ်း ပါပါတယ်။ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ စီမံခန့်ခွဲတဲ့ မြေအတွင်းမှာ Two Way Jetty နဲ့ ပန်းဆိုးတန်း ဆိပ်ခံတံတားတွေ လည်းပါပါတယ်။ ဒီဆိပ်ခံတံတား ဧရိယာတွေကို လည်း ကျွန်မတို့ အနေနဲ့ (ပတ်ပလစ်) ဧရိယာများအဖြစ် နဲ့ နောက် ရှုခင်းတွလုပ်ပြီး အင်နိုဗေးရှင်း စင်တာလည်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီဆိပ်ခံတံတားတွေကိုလည်း ပန်းဆိုးတန်း ဆိပ်ခံတံတားနဲ့ နန်းသီတာ ဆိပ်ခံတံတားတွေ ကိုလည်း အဆင့်မီပြန်လည်တည် ဆောက် ရေးလုပ်ငန်းများကို မာစတာပလန် ရေးဆွဲပြီးတော့ ဆောင်ရွက်ဖို့ အတွက် ကို စီစဉ်ထားပြီး ဖြစ်ပါ ကြောင်း ပြန်လည်ဖြေကြားအပ်ပါတယ်” ဟု ဝန်ကြီးဒေါ်နီလာကျော်ကပြောသည်။
 
လက်ရှိ ပန်းဆိုးတန်းဘက်အခြမ်းရှိ ယခင်ကျန်းမာရေး ဆိပ်ကမ်းဝင်း အတွင်း တည်ဆောက် ထားသည့် ၊ခရီးသည် နားနေဆောင်နှင့် Two Way Jetty မှာ မူလကတည်းကပင် နိုင်ငံခြား ခရီးသည် တင် သင်္ဘောကြီးများ အတွက် ရည်ရွယ်ဆောက်လုပ်ထားခြင်း ဖြစ်ကြောင်း ထို့အပြင် နိုင်ငံတော် အကြီးအကဲများ နိုင်ငံခြား ဧည့်သည်တော်များ ရေကြောင်းခရီး ထွက်ခွာရာတွင်လည်း နိုင်ငံတကာ အဆင့်အတန်းနှင့် လျော်ညီစွာ ဆင်းနိုင်တက်နိုင်ရန် စီစဉ်ထားခြင်း ဖြစ်ကြောင်း အားလပ်သည့် အချိန်များတွင် မြစ်တွင်း အပျော်စီးရေယာဉ်များ ဆိုက်ကပ်ခွင့်ပြုပြီး ၎င်းရေယာဉ်များ အပေါ် သတ်မှတ်ပြဌာန်းထားသည့် အခွန်အခနှုန်းထားပါ အတိုင်းအတာအတိုင်း စည်းကြပ် ကောက်ခံလျက် ရှိကြောင်း ၎င်းကဆိုသည်။
 
“ပန်းဆိုးတန်း-ဒလ ကူးတို့ဆိပ်နဲ့ ပတ်သက်ပြီးတော့ ပန်းဆိုးတန်း ဆိပ်ခံတံတားကြီးကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် အတွင်း အကြီးစား ပြုပြင်ပြီး ဖြစ်ကြောင်းကိုလည်း တင်ပြပြီးဖြစ်ပါတယ်။ နန်းသီတာ ဆိပ်ကမ်းနဲ့ ပန်းဆိုးတန်း ဆိပ်ကမ်းဧရိယာမှာ နိုင်ငံတကာ အဆင့်မီ အဆောက်အဦများ Innovation Cemter နှင့်တကွ ပြည်သူလူထု အသုံးပြုရန် ရှုခင်းတွေနဲ့ အများပြည်သူနဲ့ ဆိုင်တဲ့ဧရိယာများကို ဆက်လက်ပြီးတော့ ဆောင်ရွက်သွားမှာပဲ ဖြစ်ပါတယ်” ဟု ဝန်ကြီးဒေါ်နီလာကျော်က ဆက်လက်ပြောကြားခဲ့သည်။
 
The Ladies News

 

Vote: 
No votes yet

Add new comment