သက်ငယ်မုဒိမ်းမှုကျူးလွန်သူအား ထောင်ဒဏ်နှစ်(၂၀)ချမှတ်

တောင်သာမြို့နယ်၊ -- ကျေးရွာတွင် သက်ငယ်မုဒိမ်းမှု ကျူးလွန်သူအား မြင်းခြံခရိုင်တရားရုံးက ထောင်ဒဏ်နှစ် ၂၀ ချမှတ်လိုက်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
 
ဖြစ်စဉ်မှာ ၁၉-၅-၂၀၁၇ ရက်နေ့ ည ၉ နာရီ အချိန်ခန့်တွင် တောင်သာမြို့နယ်၊ ××××ကျေးရွာနေ တရားလို ဒေါ်××××××သည် သမီးဖြစ်သူ အသက်(၁၃)နှစ်အရွယ်ရှိ မ×××××နှင့်အတူ ရွာထဲသို့ဗွီဒီယို သွားကြည့်ရာမှ ပြန်မလာသဖြင့် လိုက်လံရှာဖွေရာ သမီးဖြစ်သူအား တစ်ရွာတည်းနေသူ တင့်နိုင်မှ ခိုးယူ ပေါင်းသင်းနေကြောင်း သိရှိရသဖြင့် မိဘအုပ်ထိန်းမှုအောက်ရှိ သမီးဖြစ်သူအား ခိုးယူပေါင်းသင်းသူ တင့်နိုင် အား အရေးယူပေးပါရန် တိုင်တန်းရာ တောင်သာမြို့နယ်၊ ကျောဇီ နယ်မြေရဲစခန်း (ပ)၁၇/၂၁၀၇၊ ရာဇသတ်ကြီးပုဒ်မ-၃၇၆/၃၆၃ အရ အမှုဖွင့်ခဲ့ပြီး မြင်းခြံခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ၂၀-၉-၂၀၁၈ ရက်နေ့တွင် မြင်းခြံခရိုင်တရားရုံးမှ သက်ငယ်မဒိမ်းမှုကျူးလွန်သူ တရားခံ တင့်နိုင် (၃၇)နှစ် တောင်သူ၊ ×××××ကျေးရွာ၊ တောင်သာမြို့နယ် နေသူအား ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၇၆ အရ အလုပ်နှင့် ထောင်ဒဏ်နှစ်(၂၀)၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ-၃၆၃ အရ အလုပ်နှင့် ထောင်ဒဏ်(၃)နှစ် တို့အား သီးခြားစီချမှတ်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
 
The Ladies News

 

Vote: 
No votes yet

Add new comment