တာချီလိတ်မြို့၌ ထိုင်းနိုင်ငံသား/သူများထံမှ လောင်းကစားပစ္စည်းများ ဖမ်းဆီးရမိ

တာချီလိတ်မြို့၊ ဆန်ဆိုင်း (က)ရပ်ကွက်ရှိ နေအိမ်ဈေးဆိုင်တစ်ဆိုင်တွင် လောင်းကစားပြုလုပ်နေသည့် ထိုင်းနိုင်ငံသား/သူ များကို ဇူလိုင် ၂၀ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီှးဌာနက သတင်း ထုတ်ပြန်ခဲ့သည်။
 
တာချီလိတ်မြို့၊ ဆန်ဆိုင်း (က)ရပ်ကွက်ရှိ နေအိမ်ဈေးဆိုင်၌ လောင်းကစားပြုလုပ်နေသဖြင့် တာချီလိတ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ဝင်ရောက် ရှာဖွေရာ ထိုင်းနိုင်ငံသား Mr.Nalthawat(၂၀)နှစ်ပါ ၃ ဦး(ကျား ၁၊ မ ၂)တို့အား တွေ့ရှိ၍ စစ်ဆေးရာ ကောင်တာစားပွဲ အံဆွဲအတွင်း ပလပ်စတစ်ခြင်းထဲမှ ချဲထီလောင်းကစားပြုလုပ်သည့် ထိုင်းဘတ်ငွေ ၂၄၄၅၀၊ ချဲထီ ၂ လုံး/ ၃လုံး ဂဏန်းများရေးထားသော ဘောက်ချာစာအုပ်များ၊ ငွေတန်ဖိုးများ ရေးထားသော ဘောက်ချာ စာအုပ်များ၊ လက်တော့ပ် ၁ လုံးနှင့် ဖုန်း ၄ လုံးအား တွေ့ရှိသိမ်းဆည်း ရမိခဲ့ခြင်းဖြစ်သည်။
 
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ Mr.Nalthawat ပါ၃ ဦးအား တာချီလိတ်မြို့မရဲစခန်း (ပ)၂၃၇/၂၀၁၈ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/၁၆(က)ဖြင့် အမှုဖွင့်စစ်ဆေးလျက် ရှိကြောင်းနှင့် Mr.Nalthawat ပါ ၃ ဦးသည် မြန်မာနိုင်ငံ တာချီလိတ်မြို့သို့ ယာယီနယ်စပ်ဖြတ်သန်းခွင့် လက်မှတ်ဖြင့် အမှတ်(၁) ချစ်ကြည်ရေးတံတားမှ တရားဝင်ဝင်ရောက် ခဲ့သော်လည်း စည်းကမ်းဖောက်ဖျက်နေထိုင်ခဲ့ကြောင်း၊ ဝင်းညွန့်ဦး (စိစစ်ဆဲ)မှ အခန်းငှားပေးခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပြီး၊ ဒုမြို့နယ် လဝကမှူး ဦးမျိုးနိုင်မှ တိုင်တန်းသဖြင့် Mr.Nalthawat ပါ ၃ ဦးနှင့် ဝင်းညွန့်ဦးတို့အား တာချီလိတ် မြို့မရဲစခန်း(ပ)၂၃၈/၂၀၁၈ လဝကအက် ၁၃(၁)/(၅)ဖြင့် အမှုဖွင့် စုံစမ်းလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
 
The Ladies News

 

Vote: 
No votes yet

Add new comment