မဟာအောင်မြေမြို့နယ်၌ တရုတ်နိုင်ငံသား ၁ ဦး၏ ငွေနှင့် ပစ္စည်းများ ခိုးယူခံရ

မဟာအောင်မြေမြို့နယ်၊ ကျောက်မျက် ရတနာဝိုင်းတွင် ဇူလိုင် ၂၀ ရက်က တရုတ်နိုင်ငံသားတစ်ဦး ငွေနှင့်ပစ္စည်းများ ခိုးယူခံခဲ့ရကြောင်း ပြည်ထဲရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန်သည်။
 
မဟာအောင်မြေမြို့နယ်၊ ကျောက်မျက် ရတနာဝိုင်းရှိ မအင်လန်ဂျာ ဆိုင်းအောင်(၂၄)နှစ် "လင်းလက်"ကျောက်မျက်ရတနာဆိုင်၌ တရုတ် နိုင်ငံသား Feng Tao (၂၂)နှစ်သည် ကျောက်များကြည့်နေစဉ် ၎င်း၏အမေရိကန် ဒေါ်လာ ၁၀၀၀၀၊ တရုတ်ယွမ် ၂၀၀၀၊ ဗီဇာစာအုပ် တစ်အုပ်၊ တရုတ်ပြည် ဘဏ် ငွေကဒ် ၅ ခု၊ လက်ကိုင်ဖုန်းတစ်လုံးတို့ ထည့်ထား သည့် ကျောပိုးအိတ်အား ဆိုင်ခန်းအတွင်းရှိ ထိုင်ခုံပေါ်၌တင်ထားရာမှ ပျောက်ဆုံးသွားသဖြင့် ဆိုင်ရှိ CCTV မှတ်တမ်းအား ပြန်လည်ကြည့်ရှုရာ အသက်(၂၀)ခန့် လူငယ်တစ်ဦးမှ ခိုးယူသွားကြောင်း သိရသည်။
 
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မအင်လန်ဂျာဆိုင်းအောင်က တိုင်တန်း၍ Feng Tao ၏ ကျောပိုးအိတ်အတွင်းမှ ပစ္စည်များအား ခိုးယူသွားသူ (စိစစ်ဆဲ)အား အမှတ်-၇ နယ်မြေရဲစခန်း (ပ)၄၀၁/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀(ခိုးမှု)ဖြင့် အမှုဖွင့်စုံစမ်းလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
 
The Ladies News
 
 

 

Vote: 
No votes yet

Add new comment