လေယာဉ် ၁ စီး ရှေ့လေကာမှန်အက်ကြောင်းဖြစ်ပေါ်သဖြင့် သံတွဲလေဆိပ်သို့ အရေးပေါ်ဆင်းသက်ခဲ့ရ

Air KBZ လေကြောင်းလိုင်းမှ လေယာဉ်အမျိုးအစား ATR-72 ၊ အမှတ် XY-AMA ၊ ခရီးစဉ် K7-423 သည် ဇူလိုင် ၂၀ ရက်က လေယာဉ်ရှေ့ လေကာမှန်အက်ကြောင်း ဖြစ်ပေါ်ခဲ့မှုကြောင့် သံတွဲလေဆိပ်သို့ အရေးပေါ်ဆင်းသက် ခဲ့ရကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
 
Air KBZ လေကြောင်းလိုင်းမှ လေယာဉ်အမျိုးအစား ATR-72 ၊ အမှတ် XY-AMA ၊ ခရီးစဉ် K7-423 သည် ခရီးသည် ၄၂ ဦး (မြန်မာနိုင်ငံသား ၃၂၊ နိုင်ငံခြားသား ၁၀) တင်ဆောင်၍ စစ်တွေလေဆိပ်မှ ရန်ကုန် လေဆိပ်သို့ ထွက်ခွာခဲ့ရာ အဆိုပါ လေယာဉ်ရှေ့လေကာမှန် အက်ကြောင်း ဖြစ်ပေါ်လာသဖြင့် သံတွဲလေဆိပ်သို့ အရေးပေါ် ဆင်းသက်ခဲ့ပြီး ညအိပ်ရပ်နားမည်ဖြစ်ကြောင်း၊ ခရီးသည်များသည် ငပလီကမ်းခြေရှိ ရိုးမချယ်ရီ ဟိုတယ်နှင့် စံဝတီတည်းခိုခန်းတို့တွင် တည်းခိုလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန် ထားသည်။
 
The Ladies News

 

Vote: 
No votes yet

Add new comment