နောင်ချိုမြို့နှင့် လားရှိုးမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နောင်ချိုမြို့အဝင် အိုရီယမ်တယ်တိုးဂိတ်အနီး နှင့် လားရှိုးမြို့နယ်၊ လားရှိုး-တန့်ယန်းသွားကားလမ်း၊ သတ္တုသန့်စင်စက်ရုံအနီး၌ ဇူလိုင်၁၂ရက်က မူးယစ်ဆေးဝါးများဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
 
မူးယစ်တပ်ဖွဲ့စု(၂၄)လားရှိုးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နောင်ချိုမြို့အဝင် အိုရီယမ်တယ်တိုးဂိတ်အနီး၌ ကျိန်ကြားနိမ့်(ခ) အောင်မြင့် မောင်းနှင်လာသည့် SUPER CUSTOM HIACE မော်တော်ယာဉ် ရောက်ရှိလာ၍ရှာဖွေရာ မော်တော်ယာဉ်၏ နောက်ခန်းရှိစောင်အိတ်တွင်းမှ ဘိန်းဖြူဆပ်ပြာခွက် ၄၄ ခွက်( ဘိန်းဖြူ အလေးချိန် ၄၈၄ ဂရမ်)၊ စိတ်ကြွရူးသွပ်ဆေးပြား ၃,၉၀၀ ပြားတို့ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
 
ထို့အတူ လားရှိုးမြို့နယ်၊ လားရှိုး-တန့်ယန်းသွားကားလမ်း၊ သတ္တုသန့်စင် စက်ရုံအနီး၌ စိုင်းလွန်းဆာ မောင်းနှင်ပြီး စိုင်းအောင်ညွန့် လိုက်ပါလာ သည့် မော်တော်ဆိုင်ကယ် ရောက်ရှိလာ၍ရှာဖွေရာ စိုင်းအောင်ညွန့်၏ လွယ်အိတ်အတွင်းမှ ဘိန်းဖြူ ဆပ်ပြာခွက် ၂၂ ခွက်( ဘိန်းဖြူအလေးချိန် ၂၂၀ ဂရမ်)နှင့် လက်ကိုင်ဖုန်းနှစ်လုံး တို့ကိုလည်းကောင်း သိမ်းဆည်း ရမိခဲ့သဖြင့် ကျိန်ကြားနိမ့်(ခ) အောင်မြင့်(၃၇)နှစ်၊ စိုင်းအောင်ညွန့် (၃၄)နှစ်နှင့် စိုင်းလွန်းဆာ(၃၂)နှစ်တို့ အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူ ထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment