ခါးပိုက်နှိုက်ပြစ်မှုများ ကျူးလွန်ထားကြောင်း သတင်းရရှိထားသူနှစ်ဦးကို လက်ကိုင်ဖုန်းနှစ်လုံးနှင့် အတူ တွေ့ရှိဖမ်းဆီးရမိ

ခါးပိုက်နှိုက်ပြစ်မှုများ ကျူးလွန်ထားကြောင်း သတင်းရရှိထားသူနှစ်ဦးကို လက်ကိုင်ဖုန်းနှစ်လုံးနှင့် အတူ တွေ့ရှိဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
 
ဖြစ်စဉ်မှာ ၆.၆.၂၀၁၈ ရက်နေ့တွင် အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေး ဌာနစုမှတပ်ဖွဲ့ဝင်များသည် နယ်မြေ အတွင်း ခိုးမှု၊ လုယက်မှု၊ ခါးပိုက်နှိုက်မှု ကျူးလွန်သူများအားဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက် နေစဉ် ညနေ ၁၈း၃၀ နာရီအချိန်တွင် ခါးပိုက်နှိုက် ပြစ်မှုများ ကျူးလွန်ထားကြောင်း သတင်းရရှိထားသူ ဒလမြို့နယ်နေ မျိုးဆွေ၊ (၃၅)နှစ်နှင့် ချစ်လင်းဇော်(ခ)ချစ်မျိုးဇော်(ခ) စုဖွား၊ (၂၅)နှစ်တို့ (၂)ဦးကို ဆိပ်ကမ်းမြို့နယ်၊ စဥ့်အိုးတန်းသမ္ဗန်ဆိပ်တွင် Mi အမျိုးအစား လက်ကိုင်ဖုန်း၊ iPhone အမျိုးအစားလက်ကိုင်ဖုန်းတို့နှင့် အတူတွေ့ရှိ ဖမ်းဆီး ရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
 
ဖမ်းဆီးရမိသူ မျိုးဆွေ၊ (၃၅)နှစ်နှင့် ချစ်လင်းဇော်(ခ)ချစ်မျိုးဇော်(ခ)စုဖွား တို့နှစ်ဦးအား အဆိုပါ လက်ကိုင်ဖုန်း များနှင ပတ်သက်၍ စစ်ဆေးရာ ၎င်းတို့သည် ယင်းနေ့ ညနေ ၁၇း၃၀ နာရီအချိန်ခန့်တွင် ပန်းဘဲတန်းမြို့နယ်၊ မဟာဗန္ဓုလလမ်းအတိုင်း လမ်းလျှောက်လာစဉ် ပန်းဘဲတန်းမြို့နယ်၊ သိမ်ကြီးဈေးရှေ့အရောက်၌ အသက် (၃၀) နှစ်ခန့်ရှိ အမျိုးသားတစ်ဦး လွယ်ထားသည့် ကျောပိုးအိတ်အတွင်းမှ iPhone အား လည်းကောင်း၊ ညနေ ၁၈း၀၀ နာရီအချိန်တွင် လသာမြို့နယ်၊ မဟာဗန္ဓုလလမ်းအတိုင်း လမ်းလျှောက်လာခဲ့ပြီး (၃၂)လမ်းထိပ် အရောက်၌ လမ်းလျှောက်နေသူ အသက်(၄၀)နှစ်ခန့်ရှိ အမျိုးသားတစ်ဦး လွယ်ထားသည့် ကျောပိုးအိတ် အတွင်းမှ Mi လက်ကိုင်ဖုန်းအား လည်းကောင်း အသီးသီးနှိုက်ယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
 
ပြစ်မှုကျူးလွန်သူ မျိုးဆွေ၊ (၃၅)နှစ်နှင့် ချစ်လင်းဇော်(ခ)ချစ်မျိုးဇော်(ခ) စုဖွားတို့နှစ်ဦးအား ပန်းဘဲတန်းမြို့ မရဲစခန်းနှင့် လသာမြို့မရဲစခန်းတို့တွင် အမှုဖွင့်ကာ အရေးယူဆောင်ရွက်လျက်ရှိပြီး ပျောက်ဆုံးသူ ပိုင်ရှင်များ အနေဖြင့်လည်း အမှုမှ လက်ကိုင်ဖုန်းများနှင့် ပတ်သက်၍ ဖော်ပြပါရဲစခန်းများတွင် ဆက်သွယ်စုံစမ်း ဆောင်ရွက်နိုင်ပါရန်လည်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က အသိပေးဖော်ပြအပ်ပါကြောင်းဖြင့် သတင်းထုတ်ပြန်ထားသည်။
 
Credit – Yangon Police FB
The Ladies News
 

 

Vote: 
No votes yet

Add new comment