မန္တလေးတွင် လမ်းဘေးမီးကြိုးဖြတ်ခိုးနေသူများအား ဖမ်းဆီးရမိ

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ ၅၈x၄၃ လမ်းထောင့်တွင် ဇွန်လ ၇ ရက်နေ့က မီးကြိုးများ ဖြတ်ခိုးနေ သည့် အမျိုးသား ၂ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
 
ဖြစ်စဉ်မှာ အဆိုပါနေ့က အမျိုးသားနှစ်ဦးမှ မီးကြိုးများ ခိုးနေကြောင်း သတင်းအရ မဟာအောင်မြေ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့် အတူ သွားရောက်စစ်ဆေးရာ မီးကြိုးများ ဖြတ်ခိုးနေသူမှာ ရန်နိုင် ၂၄ နှစ်၊ ၅၉x၆၀ လမ်းကြား၊ ဇလပ်ဝါလမ်းထိပ်၊ သံလမ်းဘေး(ကျူး)၊ ချမ်းမြသာစည်မြို့နယ် နေသူနှင့် သဲကို(ခ) ဇင်ကိုခန့် ၂၀ နှစ်၊ ကံသာယာမြို့သစ်၊ မုန်းပေါင်လမ်း၊ ၅၉x၆၀ လမ်းကြား၊ ချမ်းမြ သာစည် မြို့နယ်နေသူတို့ ဖြစ်ကြောင်း သိရှိရပြီး လမ်းဘေးတွင် ရပ်ထားသော ၎င်းတို့၏ ၅၂ယ/xxxxx Canda ဆိုင်ကယ်ပေါ်တွင် မီးကြိုးခွေများ၊ ဖြတ်လက်စ မီးကြိုးများ တွေ့ရှိရသဖြင့် စစ်မေးရာ နံနက် ၃ နာရီအချိန်ခန့်က ၅၈ လမ်း၊ ၃၉ လမ်းမှ ၄၃ လမ်းထိ သွယ်တန်း ထားသော လမ်းဘေးမီးကြိုးများအား ဖြတ်ခိုးထားသည့်ပစ္စည်း များဖြစ်ကြောင်း သိရှိရ၍ သက်သေခံပစ္စည်းများ ဖြစ်သော (၆)ဂိတ်ကြေးကြိုး ၂၂၅ ပေ (၁)ခွေ၊ (၆)ဂိတ်ကြေးကြိုး ၁၅၃ ပေ (၂)ခွေ၊ (၆)ဂိတ်ကြေးကြိုး ၂၈၈ ပေ (၁)ခွေ၊ (၆)ဂိတ်ကြေးကြိုး ၂၆၀ ပေ(၁)ခွေ၊ ကုဒ်တက်မီးကြိုး (ရာဘာအုပ်လျက်) ၂၀၆ ပေ (၁)ခွေ၊ တိုင်တက် ဖိနပ် ၁ ရံ၊ ရာဘာလက်ကိုင် ပလာယာ(၁)ခုနှင့် ၅၂ယ/xxxxx Canda ဆိုင်ကယ် တို့အား သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။
 
ယင်းသို့ ဖမ်းဆီးရမိခဲ့ခြင်းကြောင့် ရန်နိုင်နှင့် သဲကို(ခ)ဇင်ကိုတို့အား မဟာအောင်မြေမြို့မရဲစခန်း (ပ)၄၀၄/၂၀၁၈၊ ပြည်သူပိုင် ဥပဒေပုဒ်မ ၆(၁) အရ အမှုဖွင့် စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်းလည်း သိရသည်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment