ဆင်သေချောင်းအတွင်း နှာမောင်းဖြတ်၊ ဆင်စွယ်ဖြတ်ခံထားသည့် ဆင်သေတစ်ကောင်တွေ့ရှိ

ဆင်သေချောင်းအတွင်း နှာမောင်းဖြတ်၊ ဆင်စွယ်ဖြတ်ခံထားသည့် ဆင်သေတစ်ကောင်ကို ပြီးခဲ့သည့်ရက်ပိုင်းက တွေ့ရှိခဲ့ကြောင်း သတင်း ရရှိသည်။
 
ဖြစ်စဉ်မှာ ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ် ဘောမိကြိုးပြင် ကာကွယ်တောရှိ ဟိုင်းချောင်းဆင်စခန်း ဆင်သေ ချောင်းတွင် မေ ၁၃ ရက် မွန်းလွဲ ၂ နာရီခွဲခန့် က မုဆိုးသုံးဦး တောဆင်ရိုင်း အားသတ်၍ နှာမောင်းဖြတ်ထားပြီး တဲများထိုးရန် ပြင်ဆင်နေသည်ကို ဒေသခံတစ်ဦး က တွေ့ရှိသဖြင့် ဟိုင်းချောင်းဆင်စခန်းမှ ဆင်ခေါင်း ထံ လာရောက်ပြောကြားရာ ဆင်ခေါင်းက သစ်တောဦးစီးဌာနသို့ အကြောင်းကြား ခဲ့ကြောင်း MONREC ထံက သိရသည်။
 
သတင်းအရ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ သစ်တောဌာနမှ ဦးစီး ဦးစိုးတင့်နှင့် ဝန်ထမ်းများ၊ သစ်တောရဲ၊ FOW မှ ဝန်ထမ်းတို့ ပူးပေါင်း အဖွဲ့ သည် မေ ၁၄ နံနက် ၅ နာရီတွင် ဆင်သေရွာမှ ဆင်သေချောင်းသို့ သွားရောက် စစ်ဆေးရာ ဆင်မုဆိုးများ၊ ဆင်စွယ်နှင့် အမြီးလည်း မတွေ့ရှိတော့ကြောင်း၊ အရေခွံနှင့် နှာမောင်းမှာ မုဆိုးများ လှီးဖြတ် ထားဆဲ တွေ့ရှိရကာ ဆင်ဆရာဝန်၏ ဆေးစစ်ချက်များယူပြီး မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
 
ဆင်မုဆိုးများအား ဖမ်းဆီးရမိနိုင်ရေး စုံစမ်းဆောင်ရွက်မှုများ ဆက်လက် ပြုလုပ်လျက်ရှိသည်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment