မန်စီမြို့၌ တရားမဝင်သစ်တင်ကားနှင့်ဆိုင်ကယ်တိုက်မှုဖြစ်ပွား

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့ မောရဝတီရပ်ကွက် ဇိနမာန်အောင်မြို့ဦး စေတီဘေးရှိ မန်စီ-မန်ဝိန်းကြီး-နမ့်ခမ်းကားလမ်း၌ မေ ၁၈ ရက် မွန်းလွှဲ ၂ နာရီက တရားမဝင် သစ်တင်ကားနှင့် ဆိုင်ကယ် တိုက်မှုဖြစ်ပွားခဲ့ကြောင်း MONREC ၏ သတင်းဖော်ပြချက်အရ သိရသည်။
 
ဖြစ်စဉ်မှာ နမ့်ခမ်း-ချောင်းထောက်ဘက်မှ ဦးတင်သိန်း(၃၅)နှစ်၊ ညောင်ပင်သာကျေးရွာ၊ ဗန်းမော်မြို့နေသူ မောင်းနှင်လာသော အရိုးခြောက်ဆိုင်ကယ်ကို လဘန်ကုန်းလမ်းကြားမှ လမ်းမပေါ်သို့ ယာဉ်မောင်း ဦးအေးသာ(၃၅)နှစ်၊ တပ်ကလေးရပ်၊ ခွန်သာအုပ်စု၊ ဗန်းမော်မြို့ နေသူ မောင်းနှင်တက်လာသော တရားမဝင်ကျွန်းခွဲသား များတင်ဆောင်လာသော ယာဉ်အမှတ် ၄၈/----- ပါဂျဲရိုးအစိမ်းရောင် ကားက တိုက်မိရာ ဘုရားကုန်းမြေထိန်းနံရံပြုလုပ်ရန် တူးထား သော အနက်(၄)ပေခန့်ရှိ မြောင်းထဲသို့ ဆိုင်ကယ်နှင့်ကားပြုတ်ကျခဲ့ရာ ဆိုင်ကယ်မောင်းနှင်သူ ဦးတင်သိန်း၏ ဝဲဘက်ခြေတလုံးအရိုး ကျိုးပြတ်၊ ဝဲဘက်ခြေမျက်စိ (၄)လက်မခန့် ပေါက်ပြဲဒဏ်ရာ ရရှိခဲ့သဖြင့် ဗန်းမော်ခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသမှု ခံယူလျက် ရှိကြောင်း သိရသည်။
 
အဆိုပါ မတော်တဆမှုနှင့်ပတ်သက်၍ အရေးယူဆောင်ရွက် လျက်ရှိကြောင်းလည်း သိရသည်။
 
The Ladies News
 

 

Vote: 
Average: 5 (1 vote)

Add new comment