NLD ပါတီ ရုံးချုပ်ရှေ့တွင် လယ်ယာမြေ သိမ်းဆည်းခံရမှုနှင့် ပတ်သက်၍ ဆန္ဒထုတ်ဖော်သူများအား ရဲတပ်ဖွဲ့ဖမ်းဆီးထိန်းသိမ်း

ကရင်တိုင်းရင်းသားများ၏ လယ်ယာမြေသိမ်းဆည်းခံရမှုနှင့်ပတ်သက်၍ လက်ရှိအာဏာရ အစိုးရဖြေရှင်းဆောင်ရွက်ပေးရေး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ရုံးချုပ်ရှေ့တွင် ဆန္ဒထုတ်ဖော်ခဲ့သူများအား ရဲတပ်ဖွဲ့က မေလ ၁၉ ရက်တွင်  ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

မတရားမြေယာ သိမ်းဆည်းခံရမှုများ ဖြေရှင်းပေးရေး၊ မြေစစ်ကော်မတီ ဖွဲ့စည်းမှုပြင်ဆင်ပေးရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး အကြောင်းပြကာ စစ်အုပ်စုအညံ့ခံရေး မူဝါဒပြင်ဆင်ပေးရေး စသည့် ကြွေးကြော်သံများဖြင့် ဆန္ဒထုတ်ဖော် ခဲ့ကြခြင်းဖြစ်ပြီး ၊ ဆန္ဒထုတ်ဖော်ရန် ခွင့်ပြုထားသည့် နေရာမဟုတ်ခြင်းကြောင့် ဆန္ဒထုတ်ဖော်သူများကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။

ဆန္ဒထုတ်ဖော်မှုတွင် ရဲတပ်ဖွဲ့ဝင်များ၏ ထိန်းသိမ်းခြင်းကို ခံခဲ့ရသည့် အမျိုးသမီးတစ်ဦး မှာ နှလုံးရောဂါအခံရှိပြီး အသက်ရှုကြပ်သဖြင့် တာဝန်ရှိသူများက ဆေးရုံသို့ချက်ချင်းပို့ဆောင်ပေးခဲ့သည်ကို လည်း မြင်တွေ့ခဲ့ရသည်။

အဆိုပါ ကရင်တိုင်းရင်းသားတို့သည် မေလ ၂၁ ရက်နေ့တွင်လည်း နိုင်ငံတော်သမ္မတရုံးနှင့် ပြည်ထဲရေးဝန်ကြီးဌာန ရုံးရှေ့တွင် ဆန္ဒဖော်မည်ဖြစ်ကြောင်းလည်း ကြိုတင်ထုတ်ပြန်ထားသည်။

The Ladies News

Vote: 
No votes yet

Add new comment