ICT Development Expo 2018 (Yangon) ပြပွဲ သုံးရက်ကြာ ကျင်းပပြုလုပ်မည်

ICT Development Expo 2018 (Yangon) ပြပွဲ သုံးရက်ကြာ ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။
 
အဆိုပါပြပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ ကွန်ပျူတာပညာရှင် အသင်းနှင့် ကွန်ပျူတာ လုပ်ငန်းရှင်အသင်းတို့က ပူးပေါင်းကာ ရန်ကုန်မြို့၊ ဦးဝိစာရ လမ်းရှိ တပ်မတော်ခန်းမတွင် မေလ ၄ ရက်နေ့မှ ၆ ရက်နေ့အထိ သုံးရက်ကြာ ကျင်းပမည် ဖြစ်သည်။
 
အဆိုပါ ICT Development Expo 2018 (Yangon) ပြပွဲကို CIT ကဏ္ဍ ဖွံ့ဖြိုး တိုးတက်စေရေးအတွက် ရည်ရွယ်ကျင်းပခြင်း ဖြစ်ကြောင်းလည်း သိရသည်။
 
ယင်းပြပွဲတွင် ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ၊ အပိုပစ္စည်းများ၊ နောက်ဆုံးပေါ် အီလက်ထရောနစ် ပစ္စည်းများ၊ ဆက်သွယ်ရေး ကိရိယာများ၊ မိုဘိုင်းလ်ဖုန်းများ၊ နည်းပညာဆိုင်ရာ ပစ္စည်းများ၊ ကွန်ပျူတာ ဆော့ဖ်ဝဲများ စသည်ဖြင့် ပြသပေးမည် ဖြစ်သည်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment