FDA ညွှန်ကြားရေးမှူးချုပ်အား အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်သို့ တရားစွဲဆိုတင်ပို့

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်အား ဧပြီ ၂၇ ရက်တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က မန္တလေး တိုင်းဒေသကြီး တရားလွှတ်တော်သို့ တရားစွဲဆိုတင်ပို့ ခဲ့ကြောင်း သိရသည်။
 
ဒေါက်တာသန်းထွဋ်အား ၂၇-၄-၂၀၁၈ ရက်နေ့တွင် ကော်မရှင်မှ စစ်ဆေးရေး မှူး ဦးသန်းဇော်ဝင်းက မန္တလေး တိုင်းဒေသကြီး တရားလွှတ်တော်သို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆ ဖြင့် တရားစွဲဆိုတင်ပို့ခဲ့ရာ တရားလွှတ်တော်က ရာဇ၀တ်ကြီးမှု အမှတ် ၁/၂၀၁၈ ဖြင့် လက်ခံပြီး တရားလိုအမှုစစ်အား စစ်ဆေးရန် ၄-၅-၂၀၁၈ ရက်နေ့သို့ ချိန်းဆိုထားကြောင်း ကော်မရှင်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
 
ဒေါက်တာသန်းထွဋ်သည် နေပြည်တော် FDA ဓါတ်ခွဲခန်းအဆောက် အအုံ(၂)လုံးနှင့် တိုင်းဒေသ ကြီး/ပြည်နယ်၊ ခရိုင်ရုံး(၁၂)ခုအား ဆောက်လုပ်ခွင့်တင်ဒါရရှိသည့် ဆောက်လုပ်ရေးကုမ္ပဏီများထံမှ ၄င်း၏လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားပြု၍ ၂၀၁၇ ခုနှစ်အတွင်း စုစုပေါင်းကာလတန်ဖိုး ငွေကျပ် ၁၅၁,၄၃၉,၇၈၆/- (ကျပ်သိန်း တစ်ထောင့်ငါးရာကျော်)ရှိ ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများနှင့် နေအိမ်အသုံးအဆောင်ပစ္စည်းများကို လက်ခံရယူပြီး နေပြည်တော် ဒက္ခိဏသီရိမြို့နယ်၊ ရွှေကြာပင် ရပ်ကွက်ရှိ ဆောက်လုပ်ဆဲနေအိမ်နှင့် ပုဗ္ဗသီရိမြို့နယ်၊ ရွာသစ်ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာ အနောက်ဘက် မြေကွက်တွင် ခြံစည်းရိုးကာရန်ခြင်း၊ နေအိမ်၊ ကားဂိုထောင်၊ ဂိတ်တဲ၊ ရေကူးကန်နှင့် ရေပန်းဆောက်လုပ်ခြင်းတို့တွင် အသုံးပြုခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ဒေါက်တာသန်းထွဋ်အား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆ အရ နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ်ရဲစခန်းတွင် ၂၀-၄-၂၀၁၈ ရက်နေ့က ပထမသတင်းပေး တိုင်ချက် ဖွင့်လှစ်၍ ဖမ်းဆီးချုပ်နှောင်ခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment