ပုသိမ်ကြီး မြို့ နယ်၌ ငွေကျပ်သိန်းပေါင်း ၅,၄၀၃ သိန်းကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ပုသိမ်ကြီး မြို့ နယ်၌ ငွေကျပ်သိန်းပေါင်း ၅,၄၀၃ သိန်းကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။
 
ပုသိမ်ကြီးမြို့နယ်၊ ဇီးအုပ်ကျေးရွာအုပ်စု၊ ကံကြီးကုန်းကွက်သစ်၊ ၅၀x၅၁ လမ်းကြား၊ အေးမေတ္တာလမ်းရှိ စည်သူဝင်းထက် (ခ) သောမက်(ခ) စည်သူ(ခ) ဇီးကွက် ၏ နေအိမ်အား ဧပြီ ၁၉ ရက်တွင် မူးယစ်တပ်ဖွဲ့စု (၁၈) မန္တလေးတောင်ပိုင်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဝင်ရောက်ရှာဖွေရာ အိပ်ခန်းအတွင်းရှိဗီရိုပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၈,၀၇၀ ပြား သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
 
အဆိုပါအမှုနှင့်ပတ်သက်၍ စည်သူဝင်းထက်(ခ) သောမက်(ခ) စည်သူ(ခ) ဇီးကွက်အား မူးယစ်ဆေးဝါး နှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment