နောက်ပိုင်းတွေမှာ အဓိပ္ပါယ်ရှိတဲ့ ဇာတ်ကားတွေပဲ သီးသန့် ရိုက်ကူးသွားတော့မယ်ဆိုတဲ့ ဇေရဲထက်

ဆယ်ကျော်သက်တွေရဲ့ အသည်းစွဲ အနုပညာရှင် တစ်ယောက်ဖြစ်တဲ့ ဇေရဲထက်ဟာ ဇာတ်ရုပ်မျိုးစုံကို ပီပြင်စွာ သရုပ်ဆောင်နိုင်မှုကြောင့် လက်ရှိအနုပညာ လောကမှာ နေရာရနေတဲ့ လူငယ်အနုပညာရှင် တစ်ဦးပါ။ အဆိုပါ လူငယ်သရုပ်ဆောင်ဟာ ရုပ်ရှင်ဇာတ်ကားတွေထက် ဗီဒီယိုကားတွေကိုသာ ဦးစားပေး ရိုက်ကူးလေ့ရှိသူ တစ်ဦးဖြစ်ပြီး မကြာခင်မှာလည်း ပရိသတ်တွေကို ယခုလက်ရှိဖြစ်ပျက်နေတဲ့ အနုပညာလောကကို အခြေခံပြီး ဇာတ်ကားကောင်း တစ်ကား ချပြသွားဖို့ ကြိုးစားနေကြောင်းနဲ့ နောက်ပိုင်းတွေမှာလည်း အဓိပ္ပါယ်ရှိတဲ့ ဇာတ်ကားတွေကိုပဲ သီးသန့်ရိုက်ကူးတော့မှာ ဖြစ်ကြောင်းကို ဧပြီလ ၂၀ ရက်နေ့က ၄င်းရဲ့ လူမှုကွန်ယက် ဖေ့စ်ဘွတ်မှ တစ်ဆင့် ပရိတ်သတ်တွေကို အသိပေး ပြောကြားလာပါတယ်။

“ကျွန်တော် အခုတလော ဖြစ်ပျက်နေတဲ့ကိစ္စလေးကို အခြေခံပြီး ဇာတ်တစ်ဇာတ်ကို အကောင်းဆုံး ဖန်တီးနေပါတယ်။ ၂၅ ရက်နေ့မှာစတင်ပြီး Title ကို တင်ပေးပါမည်။ video ခေတ်ပျတ်နေတယ်လို့ ပြောနေတဲ့အချိန် ကျွန်တော် လုပ်ခွင့်ရှိတဲ့ video ကားကို ကျွန်တော့် အမျိုးတွေအတွက် အကောင်းဆုံး ချရိုက်ပေးပါမည်။ ပညာပေး ခွန်အားရှိစေမည့် ကားကောင်းတကားဆိုတာ ရဲရဲကြီးအာမခံပါတယ်။ နောက်ဆို ဒီနေ့ကစပြီး ကျွန်တော် ဇေရဲထက်သည် အဓိပ္ပါယ်ရှိစေသည့် ကားများကိုသာ သီးသန့်ရိုတ်ကူးပါတော့မည်။ ကျွန်တော့်အတွက် ခက်ခဲပင်ပန်းကြီးစွာ ရလာတဲ့ နေရာလေးတစ်နေရာမှာ ကျွန်တော့်လောကအတွက် အကောင်းဆုံးလေးတွေ ဖြစ်အောင် တတ်နိုင်သ၍ ကျွန်တော် လုပ်ဆောင်ပေးသွားပါမည်” လို့ ၄င်းရဲ့ လူမှုကွန်ယက် ဖေ့စ်ဘွတ်မှ တစ်ဆင့် ရေးသား ဖော်ပြထားတာဖြစ်ပြီး အဆိုပါပို့စ်ရဲ့ အောက်မှာတော့ ပရိသတ်တွေကတော့ သူဘယ်လို တန်ဖိုးရှိတဲ့ ဇာတ်ကားကောင်း တစ်ကားကို ဖန်တီးနေကြလဲဆိုတာ စိတ်ဝင်တစား မေးမြန်းနေကြတာကို တွေ့ရပါတယ်။

ဇေရဲထက်ဟာ လတ်တလောမှာလည်း အနုပညာအလုပ်တွေကို ဆက်တိုက် လုပ်ကိုင်လျက်ရှိပြီး မကြာသေးမီကလည်း အဆိုတော် ဖြိုးပြည့်စုံ သီဆိုထားတဲ့ “အသည်းကွဲဧည့်သည်” Music video တစ်ခုမှာ ပါဝင် သရုပ်ဆောင်ထားတာကို တွေ့ရပါတယ်။   

The Ladies News
 

Vote: 
No votes yet

Add new comment