ဒါရိုက်‌တာ ခရစ်‌(စ)တီးနားခီ Women in Innovation and Creativity Award ဆုအတွက် ရွေးချယ်‌ခြင်းခံရ

ဥပါယ်တံမျဉ် နှင့် Mudras Calling ဇာတ်ကားတွေကို မြန်မာ့ရုပ်ရှင်လောကကြီး လှုပ်ခတ်သွားသည့်တိုင်အောင် အကောင်းဆုံး ပုံဖော်နိုင်ခဲ့တဲ့ ဒါရိုက်‌တာ ခရစ်‌(စ)တီးနားခီသည်‌ မြန်‌မာ့အသိဥာဏ်‌ပစ္စည်း ‌စောင့်‌‌ရှောက်‌‌ရေးအဖွဲ့မှ ချီးမြှင့်‌သည့်‌ Women in Innovation and Creativity Award ဆုအတွက်‌ ‌ရွေးချယ်‌ခြင်း ခံရ‌ကြောင်း သိရသည်။
 
အဆိုပါဆုသည်‌ ခေတ်တစ်ခေတ်ကို လှုပ်ခတ်စေနိုင်မည့် တီထွင်‌ဆန်းသစ်‌မှုရှိသည့်‌ အမျိုးသမီးများကို အသိအမှတ်ပြုသည့် အနေဖြင့် ရွေးချယ်ချီးမြှင့်‌‌ပေးခြင်းဖြစ်‌ပြီး Central Base Productions ၏ CEO နှင့် Founder တစ်ဦးလည်းဖြစ်သူ ဒါရိုက်‌တာ ခရစ်(စ)တီးနားခီသည် ၂၀၁၈ ခုနှစ်‌အတွင်း အအောင်မြင်ဆုံး ဇာတ်ကားများဖြစ်သော “ဥပါယ်‌တံမျဉ်‌” နှင့်‌ “မုဒြာရဲ့ ‌ခေါ်သံ” ရုပ်‌ရှင်‌ဇာတ်‌ကား နှစ်‌ကားစလုံးကို ဖန်‌တီးရိုက်‌ကူး‌နိုင်ခဲ့တာကြောင့် ယခုဆုကို ‌ရွေးချယ်‌ချီးမြှင့်‌ ပေးခဲ့ခြင်းဖြစ်‌‌ကြောင်း သိရှိရသည်။
 
Women in Innovation and Creativity Award ဆုကို ၂၀၁၈ ခုနှစ်‌၊ ဧပြီလ ၂၁ ရက်‌‌နေ့၊ ‌နေ့လယ်‌ ၁ နာရီအချိန်‌ “ကမ္ဘာ့အသိဥာဏ်‌ပစ္စည်း အဖွဲ့အစည်း‌နေ့(မြန်‌မာ) ၂၀၁၈” အထိမ်းအမှတ်‌ အခမ်းအနားပွဲတွင်‌ ပေးအပ်ချီးမြှင့်သွားမှာ ဖြစ်ကြောင်း သိရသည်။
 
The Ladies News
 
 

 

Vote: 
No votes yet

Add new comment