သောင်တူးသင်္ဘောမှ တရုတ်နိုင်ငံသား နှစ်ဦးအား ၎င်းတို့၏ သောင်တူးသင်္ဘောမှောက်ပြီး နာရီပေါင်း ၅၀ အကြာတွင် ပြန်လည်ကယ်ဆယ်နိုင်

မလေးရှားနိုင်ငံ တောင်ပိုင်းကမ်းရိုးတန်းတွင် သဲသောင်တူးသင်္ဘော မှောက်မှုဖြစ်ပြီးနောက် နာရီပေါင်း ငါးဆယ်အကြာတွင် သင်္ဘောပေါ်မှ တရုတ်နိုင်ငံသား သင်္ဘောသားနှစ်ဦးအား ကယ်ဆယ်နိုင်ခဲ့ကြောင်း မလေးရှားနိုင်ငံမှ တရားဝင်ပြောသည်။

၎င်းနေရာတွင် ရုပ်အလောင်း သုံးခုက ရှာဖွေတွေ့ရှိပြီး ထွက်ပြေးသည့် အခြား ၉ ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဆိုသည်။

ကမ်းရိုးတန်းစောင့် ရဲတပ်ဖွဲ့၏ ရဲတပ်ဖွဲ့အရာရှိက ရေငုပ်သမားအနေဖြင့် သင်္ဘေားသားနှစ်ဦးကို သောကြာနေ့က သင်္ဘော၏ အင်ဂျင်ခန်းအတွင်းမှ ကယ်ဆယ်ရရှိကြောင်း ပြောသည်။ အဆိုပါသင်္ဘောသည် ဗုဒဟူးနေ့က မှောက်ခဲ့ခြင်းဖြစ်ပြီး ကယ်ဆယ် ရမိချိန်တွင် ၎င်းတိုနှစ်ဦးသည် လေပူဖောင်းကြီးထဲတွင် ပိတ်မိနေသော်လည်း ယင်းက သူတို့အသက်ဆက်ရှင်ရန် ထိန်းသိမ်းထားနိုင်ခြင်း ဖြစ်ကြောင်း သိရသည်။

ကမ်းရိုးတန်းစောင့် ရဲတပ်ဖွဲ့၏ ရဲတပ်ဖွဲ့အရာရှိက ကယ်ဆယ်သူများ အနေဖြင့် သင်္ဘောအနီးတွင် ပေါလောမြောနေသည့် ရုပ်အလောင်း နှင့် သင်္ဘောအတွင်းတွင် အမျိုးသမီးတစ်ဦး အပါအ၀င် နှစ်ဦးထက်ပိုသည့် ရုပ်အလောင်းများ ရှာဖွေတွေ့ရှိကြောင်း စနေနေ့(မတ် ၂၄ရက်)တွင် ပြောသည်။

၎င်းကဆက်လက်ပြီး ယခုဖြစ်စဉ် သေဆုံးသည့် ရုပ်အလောင်း ၄ ခုအပြင် မလေးရှားနိုင်ငံသားနှင့် အင်ဒိုနီးရှားနိုင်ငံသား အပါအ၀င် အခြားကိုးဦးအပြင် မရေတွက်ရသေးသည်များ ကျန်နေသေးကြောင်းပြောသည်။ ကယ်ဆယ်ရေးလုပ်ငန်းများကို အရှိန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း မလေးရှားနိုင်ငံ ကမ်းရိုးတန်းစောင့် ရဲတပ်ဖွဲ့ရဲအရာရှိက ပြောသည်။

Ref: AP
via: fox news channel
The Ladies News
 

Vote: 
No votes yet

Add new comment