ဦးဝီရသူအား အရေးယူပေးရန် သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည့် မင်းသုည (ဗုဒ္ဓတက္ကသိုလ်) ခြိမ်းခြောက်ခံရ

ဦးဝီရသူအား အရေးယူပေးရန် သတင်းစာ ရှင်းလင်းပွဲပြုလုပ်မည့် သံဃာတော် တစ်ပါးဖြစ်သည့် မင်းသုည (ဗုဒ္ဓတက္ကသိုလ်) အား ၄င်းနေထိုင် သီတင်းသုံးသည့် ကျောင်းကို လက်နက်ကိုင်များဖြင့် လာရောက် ဖယ်ရှားမည်ဆိုသည့် ခြိမ်းခြောက်စာများကို အင်တာနက်မှ တဆင့် ပေးပို့မှုများရှိနေကြာင်း သိရသည်။
 
ယင်းသို့ ခြမ်းခြောက်မှုများနှင့် ပတ်သက်ပြီး The Ladies News က မင်သုည(ဗုဒ္ဓတက္ကသိုလ်) အား လျှောက်ထား မေးမြန်းသည့် အခါက ၄င်းက `ခြိမ်းခြောက်မှုကတော့ သူတို့စာပို့ထားတာပေါ့နော်၊ သံဃာတော်တွေရဲ့ သြ၀ါဒ ခံပြီးတော့ ဦးဇင်းကျောင်းကို လက်နက်ကိုင်တွေနဲ့ လာပြီးတော့ ဖယ်ရှားမယ်ဆိုပြီး အဲဒီလို ခြိမ်းခြောက်တဲ့စာတွေ ပို့နေတာပေါ့။ အင်တာနက်ကနေ ပို့တာပါ။ ဟိုလို တရားဝင်စာတော့ မရောက်သေးပါဘူး။ အဖွဲ့အစည်း နာမည်တော့ ထည့်မထားဘူး လက်နက်ကိုင်လို့ပဲ ထည့်တော့ ဦးဇင်းတို့ပြောလို့တော့ မရသေးဘူးပေါ့` ဟု မိန့်ကြားသည်။
 
ဦးဝိရသူ၏ လုပ်ရပ်များသည့် ၀တ်နည်းတော်နှင့် မညီသည့်အတွက် နိုင်ငံတော်မဟာ သံဃနာယကအဖွဲ့ (မဟန)မှ တရားဟောခွင့် တစ်နှစ် ပိတ်ပင်ထားသော်လည်း ထပ်မံကျူးလွန်လာသည့်အတွက် ယင်းကိစ္စများ ရှင်းလင်းပွဲလုပ်ရန် သတင်းစာ ရှင်လင်းပွဲလုပ်ရခြင်း ဖြစ်သည်ဟု မိန့်ကြားသည်။
 
`အရင်ကလည်း မဟန ကနေပြီးတော့ ဦးဝီရသူရဲ့ လုပ်ရပ်တွေဟာ ၀တ်နည်းနဲ့မညီကြောင်း တရားဝင်စာလည်း ထုတ်ပြီးသား။ သူ့ကို ပိတ်လည်း ပိတ်ထားပြီးသားပေါ့နော်၊ အဲဒီ ပိတ်ထားတဲ့အပြင်ကို အခုထပ်ပြီးတော့
ကျူးလွန်လာတဲ့ ကိစ္စတွေ အားလုံးလည်း သိပါတယ်။ ကြည်လင်းဆရာတော် ဆိုတဲ့ဟာတွေ ဗွီဒီယိုဖိုင်တွေ စသည်ဖြင့် ထပ်ပြီးတော့ ပိုပိုပြီး ဆိုးလာတဲ့ဟာတွေကို ဦးဇင်းတို့ကနေပြီးတော့ အရေးယူ ထားပါလျှက်နဲ့ ဘာကြောင့် ဒီလိုမျိုး ဆက်လုပ်ရဲသလဲ ပေါ့နော်၊ အဲဒါတွေက ဆိုးကျိုးတွေ ဖြစ်လာတာကို ဦးဇင်းတို့ကနေပြီတော့ ရှင်းပြမှာပေါ့နော်` ဟု မိန့်ကြားသည်။
 
ဆက်လက်ပြီး `၀တ်နည်းတော်နဲ့ မညီဘူးဆိုတာကတော့ နိုင်ငံတော် သံဃနာယက ရုံးကိုယ်တိုင်ကလည်း ထုတ်ထားတဲ့စာတွေမှာ ရှိတယ်လေ။ မညီလို့ပဲ သူ့ကို တရားဝင် တစ်နှစ်ပိတ်ထားတာ ပေါ့နော်၊ သူက အခု ထပ်ပြီးတော့ ကျူးလွန်လာတာတွေ ရှိတယ်လေ။ ထမင်းဝအောင် စားထားလို့ တရားဟော ပိတ်ထားရင်း တန်းလန်းနဲ့ အခုထပ်ပြီး ဟောပြောနေတာတွေ ဗီဒီယိုဖိုင်တွေနဲ့ ဟောနေတာတွေ ကြည်လင်းဆရာတော်ဆိုပြီးတော့ လူသတ်သမားကို အားပေး ထောက်ခံနေတာတွေ အဲဒါတွေထပ်ပြီးတော့ အရေးယူထားတဲ့ တန်းလန်း ကနေပြီးတော့ သူထပ်ထွက်နေတဲ့ ကိစ္စတွေပေါ့။ အဲဒါတွေကို ဦးဇင်းတို့က ရှင်းလင်းပွဲလုပ်မှာ` ဟု မိန့်ကြားသည်။
 
ရှင်လင်းပွဲပြီးသည့် အခါတွင် ရှင်းလင်းပွဲတွင်ပါသည့် အချက်များကို နိုင်ငံတော် မဟာသံဃနာကအဖွဲ့ (မဟန) ထံပေးပိုမည်၊ မပေးပို့မည်ကို ရှင်းလင်းပွဲတွင် ပါဝင်သည့် သံဃာများ၏ ဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်သွားမည်ဟု မိန့်ကြားသည်။
 
သတင်းစာရှင်းလင်းပွဲကို မနက်ဖြန် ၂၅ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ဂျာနယ်လစ်ကွန်ရက် (MJN) ရုံးခန်းတွင် ပြုလုပ်သွားမည်ဖြစ်သည်။
 
ဘဒ္ဒန္တ က္ကုသ၁ရိယ ဘာသန္တရဆေက ဓမ္မာစရိယ (MA. INDO ARYAN) ၊ မင်းသုည (ဗုဒ္ဓတက္ကသိုလ်) သည် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ နောင်မတုပ်ကျေးရွာ ၀ိမုတ္တိသုခ၀ိဟာရကျောင်းတွင် သီတင်းသုံးနေထိုင်သော သံဃာတော်တစ်ပါး ဖြစ်သည်။
 
အောင်ရဲနောင်
The Ladies News
 

 

Vote: 
No votes yet

Add new comment